စီးရီးနာမည်လေးက ရိုးသလိုလိုနဲ့ ခန့်မှန်းမရဘူးဟုတ်။ “The Girlsn the Bus” ဆိုတော့ ဘာလားပေါ့။ ဇာတ်လမ်းလေးကလည်း ရိုးသလိုလိုနဲ့ မရိုးဘဲကြည့်ကောင်းတယ်ဗျ။ ရုတ်တရက် ပရိတ်သတ်ကြီးတို့က ဘက်စ်ကားနဲ့ခရီးထွက်ရင်း သရဲအခြောက်ခံရတဲ့ကားတို့ဘာတို့ ထင်ကောင်းထင်နိုင်ပေမဲ့ တကယ်တော့ The Girls on theBus ဆိုတာ ဒီလို။အမေရိကန်မှာ ရွေးကောက်ပွဲနီးလာလို့ မဲဆွယ်စည်းရုံးရေးတွေဆင်းကြပြီဟေ့ဆိုရင် အဲဒီကိုယ်စားလှယ်လောင်းတွေအကြောင်း သတင်းရေးရတဲ့ သတင်းဌာနအသီးသီးက သတင်းထောက်တွေက စည်းရုံးရေးဆင်းတဲ့နေရာတွေကို နောက်ကနေ ဘက်စ်ကားနဲ့ လိုက်ပြီး သတင်းယူရတယ်။ ဘက်စ်ကားပေါ်မှာ သတင်းစာတိုက်အစုံရဲ့ သတင်းထောက်တွေစုံပလုံစေ့ပြွတ်သိပ်ထိုးနေတာပေါ့။ အဲ့ထဲကမှ အမျိုးသမီးသတင်းထောက်(၄)ယောက်က “The Girls on the Bus”ရဲ့ ဇာတ်ဆောင်တွေပါပဲ။ဆေဒီက ခံစားချက်အသားပေးပြီးရေးမိလို့ နိုင်ငံရေးသတင်းထောက်အဖြစ်ကနေ နာရေးသတင်းရေးတဲ့သူပဲဖြစ်သွားပြီး သူ့နေရာပြန်ရဖို့ ဒီတစ်ခေါက်မှာအကောင်းဆုံးလုပ်ပြဖို့လိုနေတဲ့သူ။ ဂရေ့စ်က ဆေဒီ့သူငယ်ချင်း၊ ပရော်ဖက်ရှင်နယ်ကျတဲ့သတင်းထောက်။ ကင်ဘာလင်ကတော့ ရွေးကောက်ပွဲပြီးမှ လက်ထပ်မဲ့ လူမည်းအမျိုးသမီးသတင်းထောက်။ လိုလာကကျ အဲဒီသုံးယောက်ဆီကနေ တရားဝင်သတင်းထောက်လို့ အသတ်မှတ်မခံရတဲ့ ဆိုရှယ်မီဒီယာကဆယ်လီမမ။သူတို့သတင်းထောက်တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်ခံယူချက်တွေ၊ ကိုယ်ပိုင်နည်းလမ်းတွေရှိတယ်။ အဲဒါကိုရိုက်ပြသွားတာလေးက အတော်လှတယ်လို့ထင်ပါတယ်။ ကိုယ်စားလှယ်လောင်းတွေရဲ့အားပြိုင်မှုတွေ၊ သတင်းထောက်တွေရဲ့ရပ်တည်မှုတွေ၊ မီဒီယာလောကရဲ့လုပ်ရိုးလုပ်စဉ်တွေ အတော်လေးမြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရမှာပါ။ ချတာတိုက်တာခိုက်တွေမပါဝင်ဘဲ ကိုယ်မသိတဲ့နယ်ပယ်တစ်ခုအကြောင်း ထဲထဲဝင်ဝင်သိလိုက်ရသလိုမျိုးဖြစ်စေမဲ့ကားပါ။ ကြည့်ရှုခံစားလိုက်ကြပါဦး။