Inspector Rishi FHD

Inspector Rishi

မြန်မာ urban legends တွေထဲက ကျတ်သရဲနဲ့တူတဲ့ ပရလောကသားတွေ ခိုအောင်းနိုင်လောက်တဲ့ထိတောထူတဲ့ သစ်တောကြိုးဝိုင်းကြီးတစ်ခုရှိရာ တောင်ပေါ်ရွာလေးတစ်ရွာမှာ ထူးဆန်းတဲ့ လူသေမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။သူတို့ရွာရဲ့ တောအုပ်တစ်နေရာမှာ ဓာတ်ပုံဆရာတစ်ယောက်ဟာ သစ်ပင်တစ်ပင်ပေါ်က ပင့်ကူအိမ်လိုပိုးမျှင်အိမ်ကြီးတစ်ခုထဲမှာ ဇောက်ထိုးအနေအထားနဲ့ ထူးထူးဆန်းဆန်းသေဆုံးနေတာပါ။အဲဒီသေဆုံးမှုကို ဆိုင်ရာပိုင်ရာတွေက လူသဝာ်မှုလို့ သံသယရှိတဲ့အတွက်လူသဝာ်မှုတွေဖြေရှင်းရာမှာ နာမည်ကြီးတဲ့ ရီရှီနန်ဒန်ဆိုတဲ့ စုံထောက်ကို တာဝန်ပေးလိုက်ပါတယ်။ရီရှီဟာ အဲဒီအမှုကို စုံစမ်းရင်း စုံစမ်းရင်းနဲ့ တရားခံမပေါ်ဘဲ သဘာဝလွန်ကိစ္စလိုလို ဘာလိုလိုဖြစ်လာတဲ့အခါသဘာဝလွန်ကိစ္စတွေကို လုံးဝအယုံအကြည်မရှိတဲ့ရီရှီတစ်ယောက်သူ့ကိုယ်သူ သက်သေပြဖို့ ဇွတ်တရွတ်ကြိုးစားပုံတွေကို ဒီဇာတ်လမ်းတွဲထဲမှာမြင်ရမှာဖြစ်ပါတယ်…။