BL drama တွေကို ကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးအတွက် သိပ်မကြာခင်ကထွက်ရှိခဲ့တဲ့ ထိုင်း-ကိုရီးယားဖက်စပ် ရိုက်ကူးခဲ့တဲ့ BL mini drama လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေနာမည်ကြီး မင်းသားတစ်လက်ဖြစ်တဲ့ ဖီအူနိုအဖြစ် နာမည်ကြီး Thai BL Drama ဖြစ်တဲ့“Thran Type”မှာ ပါဝင်တဲ့ Mew က ပါဝင်သရုပ်ဆောင်ထားပြီး Pet Cafe ပိုင်ရှင်အဖြစ်JUST B အဖွဲ့ဝင် JM လို့သိကြတဲ့ Choo Ji Min တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဖီအူနိုဆိုတဲ့ နာမည်ကြီးမင်းသားဟာ သူ့ကို မနာလို တိုက်ခိုက်နေကြတဲ့လူတစ်စုရဲ့ ခြိမ်းခြောက်မှုကို ခံနေရပါတယ်။သူဟာ ငယ်ဘဝက စိတ်ဒဏ်ရာတွေကြောင့် တိရိစ္ဆာန်တွေကို မကြိုက်ပေမဲ့အကြောင်းကြောင်းကြောင့် pet cafe မှာ အလုပ်ဝင်လုပ်ဖို့ ဖြစ်လာပါတော့တယ်။Pet cafe ပိုင်ရှင်တစ်ဖြစ်လဲ တိရစ္ဆာန်လေးတွေကိုချစ်တဲ့ အီဒယ်ဗြောကတိရစ္ဆာန်တွေကို မကြိုက်တဲ့ဖီအူနိုရဲ့ စိတ်ဒဏ်ရာကို ကုစားပေးဖို့ ကူညီပေးပါတော့တယ်။ဒီလိုကူညီပေးရင်းနဲ့ပဲ ဖီအူနိုရဲ့ နှလုံးသားက တဖြည်းဖြည်းနူးညံ့လာပြီးတိရစ္ဆာန်လေးတွေအပြင် တိရစ္ဆာန်လေးတွေကိုချစ်တဲ့ အီဒယ်ဗြောကိုပါ ချစ်သွားနိုင်မလားဆိုတာကိုဟာသလေးတွေနှောပြီး ရိုက်ကူးထားတာမလို့ Channel Myanmar နဲ့အတူ ကြည့်ရှုလိုက်ကြရအောင်နော်။