A Man in Full FHD

A Man in Full

Drama FHD 2024-05-02 6.8

ာတ်လမ်းကတော့ ချာလီခရွတ်ခ်ကာဆိုတဲ့ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ချာလီခရွတ်ခ်ကာဟာ ဂျော်ဂျီရာပြည်နယ်မှာ လူသိများရေပန်းစားပြီးဩဇာလွှမ်းမိုးမှုရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပါ။တစ်နေ့မှာတော့ သူ့ရဲ့လူယုံသတ်မှုကြောင့် လုပ်ငန်းကဒေဝါလီခံမယ့်အရေးနဲ့ ကြုံတွေ့လာရပါတော့တယ်။အဲဒီလိုနဲ့ အခွင့်ကောင်းကိုချောင်းနေတဲ့သူ့ရဲ့ပြိုင်ဘက်တွေကသူ့ကိုအဘက်ဘက်ကထိုးနှက်ပြီး စီးပွားရေးလောကကနေအပြတ်ရှင်းဖို့ကြံပါတော့တယ်။ဒီစီးရီးမှာတော့ စီးပွားရေးသမားအချင်းချင်းကတုံးပေါ်ထိပ်ကွက်ပြီး ဘယ်လိုမျိုးအကွက်ရွှေ့ကြတယ်၊စီးပွားရေးလောကထဲမှာ ရှင်သန်ဖို့အတွက်တစ်ယောက်ကိုတစ်ယောက် ဘယ်လိုထိုးကျွေးကြတယ်ဆိုတာတွေကိုမြင်တွေ့ရမှာပါ။လောကမှာအရေးကြီးဆုံးက ပိုက်ဆံ၊အာဏာ၊ပါဝါဆိုတဲ့အတိုင်းဒီအရာတွေဖြစ်တည်လာဖို့ရည်မှန်းချက်ကြီးကြီးနဲ့တည်ဆောက်ကြပုံတွေ၊ဒါ့အပြင် စီးပွားရေးနဲ့နိုင်ငံရေး ဘယ်လိုမျိုးပတ်သက်ဆက်နွယ်နေတယ်၊နည်းလမ်းပေါင်းစုံနဲ့အခွင့်ကောင်းကိုချောင်းပြီးဘယ်လိုကိုယ်ကျိုးရှာကြတယ်ဆိုတဲ့လူလည်တွေနဲ့ပြည့်နှက်နေတဲ့ရှုပ်ထွေးတဲ့စီးပွားရေးလောကကြီးအကြောင်းကို စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ။

အပိုင်းများ

Season - 1