As the Crow FliesKus uçusu FHD

As the Crow FliesKus uçusu

Drama FHD 2022-06-03 7

အစီအစဉ်တင်ဆက်သူလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေတဲ့ လာလေကီရန်ရဲ့ နေရာကိုနည်းလမ်းမရွေးဘဲ ရအောင်ယူနိုင်ခဲ့တဲ့ အက်စ်လီ တူနာ…သုခတွေကိုပဲမြင်ပြီး လိုချင်ခဲ့တဲ့ ပလ္လင်ကို နောက်ဆုံးရယူနိုင်ခဲ့တဲ့အခါ အဲဒီပလ္လင်ပေါ်မှာထိုင်ရတဲ့ဒုက္ခတွေကိုပါနောက်ဆက်တွဲအနေနဲ့ အက်စ်လီတစ်ယောက် ခံစားခဲ့ရပါတော့တယ်…အမြဲတမ်း ကြည့်ရှုသူနှုန်းက အမြင့်ဆုံးဖြစ်နေရမယ်၊Professional ဆန်နေရမယ်ဆိုတဲ့ ထိပ်တန်းအစီအစဉ်တင်ဆက်သူနေရာကို အက်စ်လီတစ်ယောက်ရေရှည်ထိန်းသိမ်းနိုင်ပါ့မလား…လာလေကရော စင်ပေါ်ကဆင်းပေးလိုက်ရတဲ့အချိန်ကစပြီးခံစားနေရတဲ့စိတ်ဓာတ်ကျမှုတွေကိုကျော်လွှားပြီး တစ်ဖန်ပြန်ဦးမော့လာနိုင်မလားဆိုတာကိုSeason 2 မှာ စောင့်စားကြည့်ရှုရမှာဖြစ်ပါတယ်…မနာလိုမှုတွေ၊ စောင်းမြောင်းမှုတွေ၊ နေရာတစ်နေရာရဖို့တစ်ယောက်နဲ့တစ်ယောက် ထိုးချမှုတွေ၊ ရှေ့မှာကောင်းပြနေပေမဲ့နောက်ကွယ်မှာတော့ မကောင်းပြောနေတာတွေလိုမျိုးလူ့လောကဇာတ်ခုံပေါ်မှာ ဖြစ်လေ့ရှိတဲ့ အဖြစ်အပျက်တွေကိုအစီအစဉ်တင်ဆက်သူတွေရဲ့လောကကြီးကိုပြသထားရင်းနဲ့အကောင်းဆုံးတင်ဆက်ထားတဲ့ Serie တစ်ခုမို့လို့ ကြည့်ရှုပြီးရင်အတွေးတစ်မျိုးတော့ ပေါက်သွားကြမယ်ဆိုတာ အမှန်ပါပဲ…