ဇာတ်လမ်းကတော့.. ဆိုမာလီယာမှာမွေး ဆိုမာလီယာမှာကြီးပြင်းတဲ့အိန္ဒိယလူမျိုး ဗစ်ကရန့်ဟာ ဆိုမာလီယာမှာ ဆိပ်ကမ်းဥက္ကဌဆိုတဲ့ မျက်နှာဖုံးစွပ်ထားတဲ့ဂိုဏ်းစတားတစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာ ဆိပ်ကမ်းဥက္ကဋ္ဌဖြစ်ပေမဲ့အတိုက်အခံဘက်ကလူတွေက သူ့ကို ဖြုတ်ချချင်နေကြတာပါ။သူ့ကိုဖြုတ်ချဖို့အတွက် ဆိုမာလီယာကိုလာတဲ့ သူ့ရဲ့သင်္ဘောထဲမှာပါတဲ့တရားမဝင်ကုန်တွေကို အတိုက်အခံဘက်ကလူတွေက ဖမ်းဆီးဖို့ကြိုးစားလာတဲ့အခါဗစ်ကရန့်ဟာ သူ့သင်္ဘောကို အနုကြမ်းစီးဖို့ ပင်လယ်ဓားပြတွေကို တဖက်လှည့်နဲ့ပြန်ခိုင်းခဲ့ပါတယ်။သူ့ရဲ့ မူရင်းရည်ရွယ်ချက်က ပစ္စည်းယူရုံပဲဖြစ်ပေမဲ့ ပင်လယ်ဓားပြတွေဘက်ကဘောင်ကျော်လာတဲ့အခါ မဖြစ်သင့်တာတွေဖြစ်ကုန်ပါတော့တယ်။