Blood & Water FHD

Blood & Water

Drama FHD 2020-05-20 7.863

ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb 6.7/10 ရထားတဲ့ အာဖရိကန်စီးရီးလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ပူလင်ရဲ့အိမ်မှာ နှစ်တိုင်း ၁၇ နှစ်တိတိမွေးနေ့ပွဲတစ်ခုလုပ်ပါတယ်။မွေးနေ့ရှင်ကတော့ မရှိပါဘူး။ ဒါပေမဲ့ ပွဲကိုကြီးကြီးမားမားကိုလုပ်တာပါ။ ဒီပွဲရဲ့ပိုင်ရှင်ကတော့ ပူးမယ်ဆိုတဲ့ မွေးကင်းစမျာ ပျောက်သွားခဲ့တဲ့ ပူလင်ရဲ့အစ်မပဲဖြစ်ပါတယ်။အစ်မရဲ့အရိပ်လိုအမြဲနေလာရပြီး မောင်‌ဖြစ်သူကိုစောင့်ရှောက်ရင်းဘဝကိုမပျော်တလှည့်ပျော်တလှည့်နေလာရတဲ့ ပူလင်တစ်ယောက်တစ်နေ့မှာတော့ အဖေဖြစ်သူကိုပါ အစ်မဖြစ်သူရဲ့ပျောက်ဆုံးမှုမှာပါဝင်တယ်ဆိုပြီး သံသယနဲ့ ဖမ်းသွားခံလိုက်ရတဲ့အခါ…ပူလင်တစ်ယောက်လည်း ပါတီတက်ရင်းကနေ သူနဲ့တူတဲ့တစ်ယောက်ကိုအမှတ်မထင်တွေ့လာပြီး ‌ရှက်ရှက်နဲ့ကျောင်းပြောင်းရင်းက တစ်ကျောင်းတည်းအတူတက်ပြီး စုံစမ်းဖြစ်တဲ့အခါ…ပျောက်ဆုံးနေတဲ့အစ်မဖြစ်သူကိုပဲ ရှာတွေ့သွားမလား။ ဒီပျောက်ဆုံးမှုရဲ့ ဖြစ်ရပ်မှန်ကရော ဘာများလဲ ။နောက်ပြီး ကျောင်းကြီးထဲက ပဟေဋိတွေကိုရော အဖြေရှာတွေ့သွားမလား…။