Under The Gun 언더더건 FHD

Under The Gun 언더더건

Drama FHD 2024-04-12 5

ဒီလထဲမှာထွက်ရှိလာတဲ့ Mini-Series လေးတစ်ခုကို CM ပရိသတ်တွေအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်လမ်းထဲမှာတော့ SF9 အဖွဲ့ဝင် Zuho က အထက်တန်းကျောင်းသား ဂိုဂွန်းအဖြစ် Main Role အနေနဲ့ ပါဝင်ထားပြီးမင်းသမီးက Jo Soo Min နဲ့ Second Lead အဖြစ် မင်းသား Seo Ji Won တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့ Romance, Youth အမျိုးအစားဖြစ်ပြီး လောင်းကစားကြောင့်ပျက်စီးဆုံးရှုံးမှုတွေကြုံတွေ့ရတဲ့ မိသားစုတစ်စုအကြောင်းကိုပါ ထည့်သွင်းရိုက်ကူးပြထားပါတယ်ဇာတ်လမ်းအကျဉ်း…ဂိုဂွန်းက အထက်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး ကျောင်းမှာ ဇွန်ဘီလို့နာမည်ပြောင်ရထားတဲ့အထိ အေးစက်စက်မျက်နှာသေနဲ့ နေတတ်သူပါမိသားစုစီးပွားပျက်သွားတာမို့လို့ အိမ်အတွက် ဝင်ငွေရှာဖွေဖို့ အချိန်ပိုင်းအလုပ်တွေကို မအိပ်မနေလုပ်တဲ့ ဂိုဂွန်းအတွက်ကျောင်းစာသင်ခန်းကတော့ အိပ်ခန်းတစ်ခုလိုဖြစ်နေခဲ့တယ်ဒီလိုနဲ့ တစ်နေ့မှာတော့ ချာဆယ်ယောင်းဆိုတဲ့ကျောင်းသူအသစ်တစ်ယောက် ကျောင်းပြောင်းလာခဲ့တယ်LA ကနေကျောင်းပြောင်းလာတဲ့ ကျောင်းသူချောချောလေးက ဂိုဂွန်းကို မြင်မြင်ချင်းစိတ်ဝင်စားသွားပြီးတော့ဂိုဂွန်းအနားမှာ တောက်တဲ့လေးလို ကပ်လိုက်နေခဲ့တယ်လူတွေကို စကားမပြော အဖက်မလုပ်ဘဲ အေးစက်စက်နေတဲ့ ဇွန်ဘီဂိုဂွန်းကရောဒီကျောင်းသူသစ်လေးကို ပြန်ပြီးစိတ်ဝင်စားလာမလားမိသားစုအတွက်ရော အခက်အခဲတွေကြားက ဘယ်လိုကြိုးစားရုန်းကန်မလဲဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်

အပိုင်းများ

Season - 1