Chief Detective 1958 수사반장 1958 FHD

Chief Detective 1958 수사반장 1958

Drama Mystery FHD 2024-04-19 8

ဒီတစ်ခေါက် Channel Myanmar ကနေတင်ဆက်ပေးမဲ့Drama လေးကတော့Chief Detective 1958 ပဲဖြစ်ပါတယ်။ ဒီ Drama ဟာ 1971ကနေ 1989အထိကိုရီးယားနိုင်ငံအတွင်းမှာ အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Chief Inspector ဆိုတဲ့ Series ရဲ့ Prequelဇာတ်လမ်းဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကလည်း Taxi Driver မင်းသားလို့ပြောလိုက်ရင်မသိသူမရှိတဲ့ မင်းသား Lee Je Hoonနဲ့ Reply 1988 ဇာတ်လမ်းတွဲမှာ မြန်မာပရိသတ်တွေရင်းနှီးပြီးသားအတည်ပေါက်နဲ့နောက်တဲ့မင်းသား Lee Dong Hwi တို့အပြင် အခြားသောနာမည်ရသရုပ်ဆောင်များစွာလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။Park Young-Han (Lee Je Hoon) ဟာ ငယ်ရွယ်ထက်မြက်တဲ့စုံထောက်တစ်ယောက်ဖြစ်ပြီး သူခိုးကြမ်းပိုး ဒုစရိုက်သမားတွေကို နှိမ်နင်းတဲ့နေရာမှာတော်လွန်းတဲ့စုံထောက်တစ်ယောက်ပါ။ ဒါပေမဲ့ လူ့အဖွဲ့အစည်းအတွင်းက ပိုကြီးမားတဲ့ပြဿနာတွေဖြစ်တဲ့အကျင့်ပျက်ခြစားမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ရင်ဆိုင်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။အဲဒီအခါမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် စုံထောက်တွေဖြစ်တဲ့Jongnamရဲစခန်းရဲ့ခွေးရူးလို့ခေါ်ကြတဲ့ Kim Sang-sun (Lee Dong-hwi) , ရုပ်ချောရေလျှံ စုံထောက်လေးCho Kyung-hwan(Choi Woo-sung), စခန်းထဲကထိပ်တန်းစုံထောက် Seo Ho-jeong(Yoon Hyun-soo) တို့နဲ့အတူအမှုတွေ ပူးပေါင်းဖြေရှင်းကြပါတော့တယ်။ဒီဒရာမာဟာ ပုံမှန်တွေ့ဖူးနေကျ စုံထောက်ကားတွေလိုမဟုတ်ဘဲ1958ခုနှစ်ကို အခြေတည်ရိုက်ကူးထားတာဖြစ်တာကြောင့် အခုခေတ်မှာလိုခေတ်မီဆန်းသစ်တဲ့ စစ်ဆေးရေး နည်းပညာတွေ CCTV တွေမရှိတဲ့ ကာလမှာစုံစမ်းထောက်လှမ်းကြပုံတွေ ၊တွေးတော ကောက်ချက်ချကြပုံတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။