248809အပိုင်း ၄ ပိုင်းပါရှိပြီး တောင်တန်းရှုခင်းအလှတွေကို တဝကြီးခံစားမြင်တွေ့ရမယ့်ဟင်ဒီစကားပြော အချစ်၊ အက်ရှင်ဒရာမာ မီနီစီးရီးလေးတစ်ခုကိုချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဆူမစ်ဟာ ဖခင်ဖြစ်သူ လုပ်ငန်းရှင်ကြီးကို အင်မတန်ကြောက်ရတဲ့ ရိုးရိုးအေးအေး သားလိမ္မာလေးပါ။သူဟာ တစ်နေ့မှာ တခြားမြို့ကိုသွားရင်းနဲ့ သူ့အဖေသူ့ကိုပေးထားတဲ့ သူ့အမေရဲ့အမွေ ရှေးဟောင်းVauxhall ကားလေး လမ်းတဝက်မှာ အလုခံလိုက်ရပါတယ်။အဖေကို အရမ်းကြောက်ရတဲ့ ဆူမစ်ဟာ ကားအခိုးခံခဲ့ရပေမဲ့ သူ့အဖေကို မပြောရဲဘဲသူ့ရည်းစားကို ကားခဏပေးလိုက်တာပါလို့လိမ်ညာခဲ့ပြီး ကားပြန်တွေ့ပြီးနောက်မှာလည်းအလိမ်ပေါ်မှာဆိုးတဲ့အတွက် ကားခိုးသွားတဲ့ကောင်မလေးနဲ့ ညှိကာ သူတို့ဟာသမီးရည်းစားတွေပါလို့လိမ်ညာရင်းနဲ့ သူတို့နှစ်ဘက်လုံးမှာရှိတဲ့ နောက်ကွယ်ကလျှို့ဝှက်ချက်တွေတဖြည်းဖြည်းပေါ်လာပြီး ဒီ အချစ်အက်ရှင်ဒရာမာဇာတ်လမ်းတွဲလေးပေါ်ပေါက်လာပါတော့တယ်…။