Wedding.con FHD

Wedding.con

Documentary FHD 2023-12-28 5

Prime Videoကနေ ထုတ်လွှင့်ခဲ့ပြီး အချစ်ကိုကိုးကွယ်ကြတဲ့အမျိုးသမီးလေးတွေ အွန်လိုင်းကနေ လိမ်ညာခံရတဲ့အကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ ဆိုက်ဘာရာဇဝတ်မှုခင်း မီနီစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အိန္ဒိယအမျိုးသမီးလေးတွေဟာ အချိန်တန်အရွယ်ရောက်ရင် အုပ်ထိန်းသူတွေရဲ့ အိမ်ထောင်ဖက်စီစဉ်ပေးတာကို လက်ခံကြရတာ များပါတယ်။ခေတ်တွေတိုးတက်လာတော့ အွန်လိုင်းမှာ လိုက်ဖက်မဲ့သတို့သားလောင်းရှာကြပါတော့တယ်။ ဒီမှာပဲ အိမ်ထောင်ရေးဝက်ဆိုက်ကနေတဆင့် မသိနားမလည်တဲ့သူတွေ၊ တတ်သိနားလည်ပေမဲ့ယုံကြည်မှုတစ်ခုနဲ့ အချစ်ကိုကိုးစားမှုကြောင့် ခံလိုက်ရတဲ့ လိမ်ညာမှု သစ္စာဖောက်ခံရမှုတွေအကြောင်းပေါ့။ဒီစီးရီးလေးထဲမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ဖို့ ဆန္ဒရှိတဲ့အမျိုးသမီးငါးယောက်ကို ဇာတ်ကြောင်းပြန်ပြောတဲ့ပုံစံနဲ့ မှတ်တမ်းရုပ်ရှင်ဆန်ဆန် ရိုက်ကူးတင်ဆက်ထားတာမို့တမူထူးပြီး စိတ်ဝင်စားဖို့ကောင်းနေတာကြောင့် ခံစားကြည့်ရှုကြပါဦး။

အပိုင်းများ

Season - 1