Parish FHD

Parish

Drama FHD 2024-03-31 8.2

လူတိုင်းအမြင်ကတ်ပြီး ကြောက်ဖို့ကောင်းတဲ့ Breaking Bad ထဲကကြက်ကြော်ဆိုင်ပိုင်ရှင်ကြီး Gus Fring အဖြစ်သရုပ်ဆောင်ထားတဲ့မင်းသားကြီး Giancarlo Esposito ခေါင်းဆောင်ပြီး ပါဝင်ထားပြီးအသစ်စက်စက်ထွက်ရှိထားတဲ့ Drama, Crime Fiction အမျိုးအစားTV Series လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ IMDb မှာလဲ 6.9 အထိရရှိထားပြီးတော့ Giancarlo Esposito ရဲ့မှင်သေသေအမှားမလုပ်တတ်တဲ့ပုံစံမျိုးနဲ့ ဇာတ်ကောင်ကတော်တော်လေးကို လိုက်ဖက်တဲ့ စီးရီးလေးပါ။ ဇာတ်လမ်းတင်ဆက်ပုံလေးကလဲသွေးအေးအေးနဲ့ ဟာကွက်တွေမရှိအောင် ကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေပုံစံမျိုးနဲ့တင်ဆက်ထားတာဆိုတော့ ဒီလို Drama Crime Theme နဲ့ဇာတ်လမ်းတွေကိုကြိုက်တတ်တဲ့သူတွေအတွက် တကယ်ကောင်းတဲ့စီးရီးလေးပါ။ အရင်က Transpoter ဇာတ်ကားပုံစံမျိုးလေးကိုမှ ဇာတ်လမ်းလှည့်ကွက်လေးတွေနဲ့ပေါ့။ ဇာတ်လမ်းအကျဉ်းလေးကတော့ အရင်တုန်းက ဒုစရိုက်လောကမှာ နာမည်ကျော်ကားမောင်းသမားအဖြစ် နာမည်ကြီးနေတဲ့ ဂရေးတစ်ယောက် သူ့ရဲ့သားဖြစ်သူတစ်ယောက်ရက်ရက်စက်စက် အသတ်ခံလိုက်ရချိန်မှာတော့ ဒီအရိပ်မည်းကြီးက သူ့ကိုအမြဲခြောက်လှန့်နေခဲ့တယ်။သူ့ရဲ့သားဖြစ်သူရဲ့ ဖြစ်ရပ်ကြောင့်ပဲ ဒီလောကကနေ အနားယူလိုက်ပြီး ကားဝပ်ရှော့လေးဖွင့်ပြီးအေးအေးချမ်းချမ်း မိသားစုဘဝလေးတည်ထောင်နေခဲ့သူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ရဲ့အရင်တပည့်ဖြစ်သူကပေါက်ကရအရှုပ်တွေလုပ်လာခဲ့ပြီး ဒီကိစ္စတွေထဲ ဂရေးတစ်ယောက် ပါဝင်သွားခဲ့ရာမှ သူမလိုချင်တဲ့ ဒုစရိုက်ဘဝကြီးထဲကနေဘယ်လိုပြန်လည်ရုန်းထွက်မှာလဲ ဒီလမ်းကပဲ သူ့အတွက်ထွက်ပေါက်ဖြစ်နေမလားဆိုတာ ဆက်လက်ကြည့်ရှု အားပေးကြပါဦး ….

အပိုင်းများ

Season - 1