Apples Never Fall FHD

Apples Never Fall

Drama Mystery FHD 2024-03-14 7.7

IMDb 6.9 ရထားတဲ့ peacock tv ရဲ့drama mysteryဇာတ်လမ်းတွဲလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ငွေကြေးချမ်းသာပြီး West Palmရဲ့ဂုဏ်သရေရှိမိသားစုလည်းဖြစ်တဲ့ တင်းနစ်သင်တန်းကျောင်းဖွင့်ထားတဲ့ ဒလန်နီမိသားစုထဲကအရှုပ်အရှင်းတွေကို မြင်တွေ့ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။မြို့ရဲ့မျက်နှာဖုံး ဂုဏ်သရေရှိ တင်းနစ်ချန်ပီယံ ဂျွိုင်းနဲ့စတန်တို့မှာထရွိုင်း လိုဂန် ဘရွတ်ခ်နဲ့ အေမီဆိုတဲ့ သားသမီး ၄ ယောက်ရှိပြီးအောင်မြင်တဲ့ တင်းနစ်သင်တန်းကျောင်းကြီးကို ဦးစီးနေကြတာပေါ့။သားသမီး ၄ ယောက်ထဲမှာ အဖေနဲ့အမေလို တင်းနစ်ပါရမီပါတဲ့သူတွေရှိပေမဲ့လည်း ဘယ်သူမှ တင်းနစ်သင်တန်း‌ကျောင်းကိုဦးစီးမယ့်သူမရှိလေတော့ သူတို့အနားယူချိန်မှာ သင်တန်းကြီးကိုပိတ်လိုက်ရတာပေါ့။လူတိုင်းက အလုပ်လုပ်နေရချိန်မှာတော့ ပင်စင်ယူချိန်အနားယူချိန်ကိုတမ်းတနေတတ်ကြပြီး အနားယူရင် ဘာလုပ်မယ်ညာလုပ်မယ် ကြိုတင်စီစဉ်နေပေမဲ့ တကယ်တမ်းပင်စင်ယူရချိန်မှာတော့ ရင်ထဲဟာပြီး အလိုမကျဖြစ် စိတ်ဆတ်တတ်ကြပါသတဲ့။ဂျွိုင်းနဲ့စတန်တို့လည်း ဒီလူတွေထဲမှာ အပါအဝင်ပါပဲ။ ယှဉ်ပြိုင်လိုစိတ်များပြီး တသက်လုံးအလုပ်နောက်လိုက်နေခဲ့တဲ့ စတန်နဲ့ဂျွိုင်းတို့အချိန်တန်ပင်စင်ယူချိန်ရောက်တော့လည်း သားသမီး ၄ ‌ယောက်ကအဖေနဲ့အမေအပေါ် နွေးနွေးထွေးထွေး မရှိကြပါဘူး။အမြဲတမ်း miss callမြင်ရင် ဖုန်းပြန်မခေါ်တာမျိုး စာမပြန်တာမျိုးမရှိတဲ့ ဂျွိုင်းတစ်ယောက် စာမပြန်ချိန် ဖုန်းမကိုင်ဖြစ်ချိန်မှာတော့သားသမီး ၄ ယောက် စပြီး‌တော့ စိတ်ပူပြီး အဖေ့ကိုဖုန်းဆက်၊အဖေကလည်း အမေပျောက်နေတဲ့အကြောင်းကို လိမ်ပြီးလှည့်ပတ်ပြောနေလို့စုံစမ်းရာကနေ အမေပျောက်နေတာ ၄ ရက်ရှိပြီဆိုတာနဲ့အမေမပျောက်ခင်မှာ သူတို့အိမ်မှာဆဗန်နာဆိုတဲ့မိန်းကလေးတစ်ယောက် အတူလာနေသွားတာကို သိလိုက်ရချိန်မှာတော့….နွေးထွေးမှုတွေပျောက်ဆုံးနေတဲ့ မိသားစုပီပီ ခပ်တန်းတန်း‌‌နေခဲ့ရာကနေတကယ်တမ်း အမေပျောက်သွားတော့မှ လိုက်စုံစမ်းရင်းနဲ့မှဘာလျှို့ဝှက်ချက်တွေ ထွက်လာမလဲဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။