Chicken Nugget 닭강정 FHD

Chicken Nugget 닭강정

Choi Sun-Manက အသေးစားစက်ပစ္စည်း ကုမ္ပဏီပိုင်ရှင်ဖြစ်ပါတယ်။ Go Baek-Joongကတော့ အဲဒီကုမ္ပဏီက အလုပ်သင်ဖြစ်ပြီးတော့ Choi Sun-Manရဲ့သမီး Choi Min-Aအပေါ် ကြိတ်ကြွေနေသူပါ။ တစ်နေ့မှာတော့ Choi Min-Aက ကြက်သားလုံးကြော်ပေးဖို့ဆိုပြီး အဖေ့ကုမ္ပဏီကို ရောက်လာတယ်။ အဲဒီကနေ ကုမ္ပဏီမှာ အသစ်ရောက်ထားတဲ့ စက်ထဲ ဝင်ပြီး စပ်စုမိရာက Choi Min-Aက လူအဖြစ်ကနေ ကြက်သားလုံးကြော် ဖြစ်သွားခဲ့တယ်။ ကြက်သားလုံးကြော်ဘဝရောက်နေတဲ့ Choi Min-Aကို သူ့အဖေနဲ့ အလုပ်သင်လေးက ဘယ်လိုလူပြန်ဖြစ်အောင် လုပ်မလဲဆိုတာကို တစ်ကားလုံး ခွီရင်း ကြည့်ရှူရမှာပါ။