Netflix ရဲ့ စပိန်စကားပြော လူငယ်ဓားပြဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ စပိန်တွေက ဓားပြတိုက်တာတော့ အတော်ကြိုက်ပုံရတယ်။ အခုဇာတ်လမ်း တွဲမှာလည်း..ချီလီရဲ့ ဆင်းရဲသားရပ်ကွက်မှာကြီးပြင်းလာတဲ့ စကိတ်သမား လေး ကယ်ဗင်တာပီယာဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးက ချီလီနိုင် ရာစုနှစ်ရဲ့ အကြီးဆုံး ဓားပြမှုကြီးကို လုပ်ခဲ့တဲ့အကြောင်းကိုဖြစ်ရပ်မှန် ရိုက် ကူးထားတာဖြစ်ပါတယ်။ အစိုးရ ဗဟိုဘဏ်ကနေ အေတီအမ်စက်တွေမှာထည့်ဖို့ ပီဆိုငွေသား ၄ ဘီလီ ယံကို လေဆိပ်ကိုပို့လိုက်မယ်ဆိုတဲ့ သတင်းကိုကြားတဲ့ နယ်ခံလူမိုက်ဂိုဏ်း ဘွတ်ချာအဖွဲ့ဟာ ဒီငွေတွေကို ဝင်လုဖို့ ဆုံးဖြတ်ပြီး အစီအစဉ်တွေအသေးစိတ် ဆွဲထားပါတယ်။ ဒီအစီအစဉ်တွေကို ဓားပြလက်ထဲကနေ သူခိုးပြန်လုပ်မယ့် သူကတော့ ကယ်ဗင်တာပီယာခေါ် ကလေးဓားပြ( Baby Bandito )လို့နာမည် ပြောင်ပေးထားခံရသူဖြစ်ပါတယ်။ သူဒီငွေတွေကို ဘယ်လိုလုယူပြီးနောက်ဆက်တွဲအကျိုးဆက်တွေကို ဘယ်လို ရင်ဆိုင်သွားမလဲဆိုတာကို ဖြစ်ရပ်မှန်ပေါ် အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။