Angels Fall Sometimes 谢谢你温暖我 FHD

Angels Fall Sometimes 谢谢你温暖我

Drama FHD 2024-03-09 8.3

ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ –Lin Tuo ဆိုတဲ့ကောင်လေးက သူ့ရဲ့လူငယ်ဘဝအစပြုနေတဲ့အချိန်မှာ ဂျူနီယာနှစ်နွေရာသီအလုပ်သင်ခေါ်ယူခြင်း အစီအစဉ်မှာ ပါဝင်ရင်း An Zhi Yue ဆိုတဲ့ကောင်မလေးနဲ့တွေ့ဆုံခဲ့ပါတယ် ။နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် မြင်မြင်ချင်းမှာပဲ ချစ်မိသွားခဲ့ကြပါတယ် ။ဒီလိုနဲ့ ဘွဲ့ယူရမဲ့အချိန်ကလည်းနီးလာပြီး နှစ်ယောက်လုံးကလည်း ခံစားချက်တွေတည်ဆောက်ရင်းတကယ့်လက်တွေ့ဘဝထဲမှာ အလုပ်တွေလုပ်ရင်းနဲ့ အနာဂတ်ကိုပုံဖော်အစပျိုးနေကြတဲ့အချိန်ပေါ့ ။ဒါပေမဲ့ ဘဝကအမြဲတမ်း သာယာမနေတတ်ခဲ့ပါဘူး ။ အရာအားလုံးအဆင်ပြေနေပြီလို့ထင်နေတဲ့အချိန်မှာပဲ Lin Tuo မှာ ALS လို့ခေါ်တဲ့ အာရုံကြောရောဂါတစ်မျိုးရှိနေကြောင်းဆေးစစ်ချက်အဖြေထွက်လာခဲ့ပါတယ် ။ ဒါပေမဲ့ စိတ်ဓာတ်မာကျောတဲ့ Lin Tuo က ‌ရောဂါကသူ့ဘဝကို ဘယ်လောက်ပဲ အညွန့်တုံးသွားပါစေ သူကတော့ ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ် ။ဒီလိုရောဂါဖြစ်နေတဲ့ Lin Tuo တစ်ယောက် ကံကြမ္မာကိုအလျော့မပေးဘဲဘယ်လိုရှေ့ဆက်သွားမလဲ ? ချစ်သူလေးကရော သူ့ကိုဘယ်လိုအဖော်ပြုပေးမလဲဒါမှမဟုတ် နှစ်ယောက်ကြားက တည်ဆောက်ထားတဲ့အချစ်တွေကရောတည်မြဲနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်ရှင့် ။ စောင့်ကြည့်ကြဖို့ မမေ့ပါနဲ့နော် ။