Sungkyunkwan Scandal 성균관 스캔들 FHD

Sungkyunkwan Scandal 성균관 스캔들

Comedy Drama FHD 2010-08-30 6.485

ဒီတစ်ခါမှာတော့ K drama fanတွေ ရင်းနှီးပြီးသားcastတွေဖြစ်တဲ့ Park Min Young, Park Yoo Chun,Song Joong Ki, Yoo Ah Inတို့ ပါဝင်ထားတဲ့ တစ်ချိန်က အရမ်းနာမည်ကြီးခဲ့တဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ ဂျိုဆွန်းခေတ် ဆောင်းဂယွန်းဂွမ်ကျောင်းမှာပညာသင်ယူ‌ေနကြတဲ့ လူငယ်လေးယောက်ရဲ့အချစ်နဲ့ သူငယ်ချင်းသံယောဇဉ်တွေကို ရိုက်ပြထားတာပါဂင်ယွန်းဟီး(Park Min Young)ဟာ သူမရဲ့အဖေဆုံးပါးသွားကတည်းကမိသားစုတာဝန်တွေကို ထမ်းထားရတဲ့အပြင် ပညာကိုပါ သေချာဆည်းပူးလေ့လာနေတဲ့ထက်မြက်တဲ့မိန်းကလေးတစ်ယောက်ပါ တစ်နေ့မှာတော့ ဂင်ယွန်းဟီးဟာ ယောက်ျားလေးလိုဝတ်ဆင်ပြီးသူ့မောင်လေးရဲ့ ကျောင်းသားကတ်ကိုယူကာ အမျိုးသားတွေပဲ ဝင်ရောက်ဖြေဆိုခွင့်ရှိတဲ့ အမှုထမ်းစာမေးပွဲကို သွားဖြေပါတော့တယ်အဲဒီနေ့မှာပဲ အီဆွန်းဂ‌ျွန်း(Park Yoo Chun)နဲ့ တွေ့ဆုံကာ သူငယ်ချင်းဖြစ်သွားပါတယ်အီဆွန်းဂျွန်းကတော့ အာဏာရှိအသိုင်းအဝိုင်းမှ ရုပ်ရည်ချောမောတဲ့သခင်လေးတစ်ယောက်ပါ သူတို့နှစ်ယောက်လုံး စာမေးပွဲအောင်ပြီး ဆောင်းဂယွန်းဂွမ်ကျောင်း တက်ခွင့်ရပြီးတစ်ခန်းတည်း အတူနေရပါတော့တယ်ဆောင်းဂယွန်းဂွမ်ကျောင်းမှာ‌ေတာ့ ဂူယုံးဟာ( Song Joong Ki)ဟာ သောက်စားပျော်ပါးတတ်ပြီးမိန်းကလေးတွေကြားမှာ ရေပန်းစားသူတစ်ယောက်ပါမွန်ဂျယ်ရှင်း(Yoo Ah In)ကတော့ ဆောင်းဂယွန်းဂွမ်ရဲ့ မြင်းရူးဆိုတဲ့နာမည်ပြောင်ရထားပြီး ‌ကျောင်းစည်းကမ်းတွေကို ဂရုမစိုက်တတ်တဲ့သူပါဒီလူငယ်လေးယောက် ဘယ်လိုရင်းနှီးသွားပြီး ပြဿနာတွေကို ဘယ်လိုအတူတူဖြေရှင်းသွားကြမလဲဂင်ယွန်းဟီးက မိန်းကလေးဆိုတာကို သိသွားပြီးနောက် ဘယ်လိုတွေကာကွယ်ပေးသွားကြမလဲဆိုတာကိုဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုပေးကြပါဦးနော်