Forbidden Love  구미호 외전 FHD

Forbidden Love 구미호 외전

Drama FHD 2004-07-19 5.6

လူသားအသည်းကို စားသုံးမှ အသက်ဆက်ရှင်သန်နိုင်မဲ့ ရှားပါး အမြီးကိုးချောင်းမြေခွေးမျိုးနွယ်ဝင် ယွန်းရှီယွန်းငယ်စဉ်ကတည်းက မိဘတွေကို ဆုံးရှုံးလိုက်ရတဲ့ ယွန်းရှီယွန်းကို မြေခွေးဂိုဏ်းခေါင်းဆောင်က ခေါ်ယူမွေးစားခဲ့ပါတယ်ယွန်းရှီယွန်းတစ်ယောက် ဝမ်းနည်းစရာအတိတ်ဆိုးကို ရင်ဝယ်ပိုက်ရင်းလူသားကမ္ဘာမှာ ပြတိုက်ဝန်ထမ်းတစ်ယောက်အဖြစ် နေထိုင်နေခဲ့တယ်ဒါပေမဲ့ သူမဟာ မြေခွေးဂိုဏ်းရဲ့ ထိပ်သီးသူရဲကောင်းတစ်ဦးဖြစ်တဲ့အလျောက်မိမိတာဝန်ကို ထမ်းဆောင်ရင်းမြေခွေးအနွယ်ဝင်တွေရဲ့ ပြစ်မှုတွေကို လိုက်လံစုံစမ်းထောက်လှမ်းနေတဲ့ စုံထောက်လေးဂန်မင်ဝူနဲ့ တွေ့သွားတဲ့အခါမှာ…ဘာတွေ ဆက်ဖြစ်လာမလဲ?ဘယ်သောအခါမှ ဒွန်တွဲနေထိုင်ခွင့်မရှိတဲ့ သူတို့ရဲ့အချစ်အပေါ်မျိုးနွယ်နှစ်ခုကြားက တားမြစ်ချက်တွေ၊ မလိုမုန်းထားသူတွေရဲ့ အကောက်ကြံမှုတွေကိုဘယ်လိုနည်းနဲ့ ကျော်လွှားကြမလဲနာကျည်းစရာဖြစ်ရပ်တွေကိုလည်း နှစ်ဦးသား ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာရင်တမမနဲ့ စောင့်မျှော်ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်