အဖေဖြစ်သူက အမေကို သတ်ခဲ့တယ်ဆိုတဲ့ အတိတ်ဆိုးကြောင့် လူတွေရဲ့ ပျက်ရယ်ပြုခြင်းနဲ့ဖယ်ကျဉ်ခြင်းေတွကို ခံခဲ့ရတဲ့ Han Tae-O(Lee Jae-Wook)။Kango လုပ်ငန်းစုကြီးရဲ့ သူဌေးမိသားစုကြီးကနေ မွေးဖွားလာခဲ့ရပေမဲ့လည်းတရားမဝင်သားဖြစ်နေတဲ့အတွက်ကြောင့် ကိုယ့်ရဲ့မိသားစုဝင်ေတွဆီကေနတောင်လျစ်လျူရှူခြင်းနဲ့ အထင်သေးခြင်းတွေကို ခံခဲ့ရတဲ့ Kang In-Ha(Lee Jun-Young)။အထက်တန်းကျောင်းမှာ စတင်တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက်ဟာခြားနားတဲ့ နောက်ခံတွေကနေ လာခဲ့ကြပေမဲ့ တူညီတဲ့ခံယူချက်တွေကြောင့်ပဲ သူငယ်ချင်းဖြစ်လာခဲ့ကြပါတယ်။အရွယ်ရောက်လာတဲ့အခါမှာတော့…ဘဝရဲ့ အောင်မြင်မှုတွေကို လိုချင်တဲ့ Han Tae-O နဲ့ Kango လုပ်ငန်းစုကြီးရဲ့ ဆက်ခံသူရာထူးကို ရယူချင်တဲ့Kang In-Ha ။ နှစ်ယောက်လုံးရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့အတွက်Han Tae-O ဟာ Kang In-Ha ကို ကူညီဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။သူတို့နဲ့ အလားတူ တစ်ဖက်မှာလည်း ငယ်ရွယ်ပြီး ထက်မြတ်ပေမဲ့အမေဖြစ်သူရဲ့ အကြွေးတွေကြောင့် ခက်ခက်ခဲခဲရုန်းကန်နေရတဲ့Na Hye-won(Hong Su-Zu)ဟာ အတူတူပူးပေါင်းပြီးေတာ့ သုံးယောက်သားအတူတူ…သူတို့ဘဝရဲ့ ရည်မှန်းချက်တွေကို ဘယ်လိုအကောင်အထည်ဖော်ပြီး ပန်းတိုင်တွေဆီကိုအရောက်သွားကြမလဲဆိုတာကိုတော့ စိတ်ဝင်တစား စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။