Yongan Dream  永安梦 FHD

Yongan Dream 永安梦

Drama FHD 2024-02-28 8.3

ယုံအန်းမြို့တော်ရဲ့ အနောက်ဘက်က ခံတပ်တူးမြောင်းပြိုကျမှုကြောင့်လုပ်ငန်းခွင်တာဝန်ခံအမတ် ရှန်ဝိန်ချီဟာ ဧကရာဇ်မင်းရဲ့ အမျက်တော်ရှမှုကိုခံရပြီးပြစ်မှုထင်ရှားတာကြောင့် ညတွင်းချင်းပဲ အကျဥ်းချခံခဲ့ရသလိုဒီအဖြစ်အပျက်ကြောင့် ရှန်အိမ်တော်တစ်ခုလုံးပါ ညတွင်းချင်း ဒုက္ခရောက်ကုန်ပါတော့တယ်အထူးသဖြင့် လောကကြီးအကြောင်းကို ဘာမှမသိနားမလည်တဲ့ သမီးငယ်ဖြစ်သူရှန်ကျန်း (Ouyang Nana)ဟာ အခက်အခဲတွေကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရပါတော့တယ်။ဒီအမှုကိစ္စကိုစုံစမ်းဖို့ တရားစီရင်ရေးအမတ်တစ်ဦးဖြစ်သူလုရှီယန့် (Xu Zheng Xi)ကို ဧကရာဇ်မင်းက တာဝန်ပေးခဲ့သလိုတစ်ဖက်မှာလည်း လုရှီယန့်ဟာ အိပ်မက်ထဲမှာ ပေါ်ပေါ်လာတဲ့ထူးဆန်းတဲ့မိန်းကလေး တစ်ဦးကြောင့် စိတ်ရှုပ်နေရချိန် ဖြစ်နေခဲ့ပါတယ်လုရှီယန့် တစ်ယောက် အမှုကိစ္စစုံစမ်းရင်း သူ့အိပ်မက်ထဲက ထူးဆန်းတဲ့မိန်းကလေးကရှန်အိမ်တော်က သမီးငယ်ဖြစ်သူ ရှန်ကျန်း ဖြစ်နေမှန်း သိလိုက်ရတဲ့အခါမှာတော့ရှန်ကျန်းအနားကို နည်းမျိုးစုံသုံးပြီး ချဉ်းကပ်ဖို့စတင်ကြိုးစားပါတော့တယ်ယုံအန်းမြို့နောက်ဘက်က တူးမြောင်းပြိုကျတဲ့အမှုကြောင့် သိကျွမ်းခဲ့ရာကနေတစ်ဆင့်ရှန်ကျန်းနဲ့ လုရှီယန့်တို့ တစ်ယောက်အပေါ်တစ်ယောက်အပြန်အလှန် ယုံကြည်နားလည်လာပြီး နက်နက်ရှိုင်းရှိုင်း ချစ်မိသွားကြသလိုလုရှီယန့်ကလည်း ရှန်ကျန်းရဲ့ အကူအညီနဲ့ အမှုမှန်ကိုဖော်ထုတ်ဖို့ ကြိုးစားနေချိန်မှာတူးမြောင်းပြိုကျမှုရဲ့ နောက်ကွယ်က ကြိုးကိုင်သူဟာ သူတို့ ၂ ‌ယောက်ဆီကိုတိတ်တိတ်လေး ချဥ်းကပ်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာစောင့်မျှော်ကြည့်ရှုကြပါဦး