White Cat Legend 大理寺少卿游 FHD

White Cat Legend 大理寺少卿游

Drama Action & Adventure FHD 2024-02-20 8.3

ဒီကားလေးထဲမှာ Main casts တွေအနေနဲ့The romance of tiger and rose ကားနဲ့ နာမည်ရလာခဲ့တဲ့ Ding Yuxi ကတော့တရားစီရင်ရေးဌာနရဲ့ခေါင်းဆောင် ကြောင်ဖြူလီပင်(မကောင်းဆိုးဝါးပင်)အဖြစ်A little reunion ကားထဲမှာ လူကြိုက်များခဲ့တဲ့ Zhou Qi ကဒီကားထဲမှာ သွက်လက်တဲ့ လယ်သမားလေးကနေမှ တရားစီရင်ရေးဌာနရဲ့ဟင်းချက်ဝါသနာပါတဲ့ စာရေးဖြစ်လာခဲ့တဲ့ ချန်ရှီအဖြစ်Ding Jiawen ကစာပေနဲ့ပန်းချီပညာမှာတော်တဲ့ ‌တရားစီရင်ရေးဌာနရဲ့မော်ကွန်းထိန်း ချွေးပေ့အဖြစ်Zhang Yicong ကသိုင်းပညာကျွမ်းကျင်တဲ့ တရားစီရင်ရေးဌာနက ကိုယ်ရံတော် စွန်းပေါက်အဖြစ်Feng Man က‌တော့ မိန်းကလေးလိုပြင်ဆင်ရာမှာကျွမ်းကျင်တဲ့ တရားစီရင်ရေးဌာနက မှတ်တမ်းမှူးဝမ်ချီးအဖြစ်Wa er ကတရုတ်ရိုးရာယဉ်ကျေးမှုကို စိတ်ဝင်စားတဲ့ တိုင်းတစ်ပါးကနေလာပြီးတရားစီရင်ရေးဌာနမှာ ကိုယ်ရံတော်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့အားလီပါပါအဖြစ် အသီးသီးပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ တရုတ်သမိုင်းရဲ့တစ်ဦးတည်းသော အမျိုးသမီးဧကရာဇ်ဝူကျယ်ထျန်းလက်ထက်ကို အခြေခံပြီးရိုက်ကူးထားပုံရပါတယ်ထန်ခေတ်ရဲ့ညစာစားပွဲတစ်ခုမှာ တိုင်းပြည်ရဲ့ ဧကရာဇ်က လီပင်ကို တရားစီရင်ရေးဌာနရဲ့ခေါင်းဆောင်အဖြစ်ခန့်အပ်လိုက်ရာကနေမှ လီပင် ချန်ရှီ ချွေးပေ့ ဝမ်ချီး စွန်းပေါက် အားလီပါပါ တို့ပါဝင်တဲ့အမှုဖော်ထုတ်စုံစမ်းရေးအဖွဲ့လေး အသက်ဝင်လာခဲ့ပါတယ်ရှန်တူးမြို့ရဲ့ဆန်းပြားထွေလီလှတဲ့ အမှုတွေ သူတို့အဖွဲ့က တစ်ခုချင်းစီ ဘယ်လိုစုံစမ်းဖော်ထုတ်သွားမှာလဲအမှုလိုက်နေရင်း ကြောင်ဖြူအဖြစ်ပြောင်းလဲသွားတတ်တဲ့လီပင်ကရော ဘယ်လိုအကြောင်းအရာတွေကြောင့် ပြောင်းလဲနေရတာလဲအမှုတစ်ခုချင်းစီကရော ဘယ်လိုဆက်စပ်နေမှာလဲနာမည်ကြီးသရုပ်ဆောင် တစ်ချို့ကလည်း ဒီကားလေးမှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့ပါဝင်အားဖြည့်ထားပေးထားမို့လို့စိတ်ဝင်စားစရာကောင်းတဲ့ ဒီဇာတ်လမ်းတွဲလေးကို CM ကနေမကြာခင်တင်ဆက်ပေးတော့မှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်