Hellbound  지옥 FHD

Hellbound 지옥

Crime Drama Sci-Fi & Fantasy FHD 2021-11-19 7.433

Hellbound ဆိုတာ ဘယ်လိုဇာတ်လမ်းမျိုးလဲ??Webtoon ကို အခြေခံထားပြီး နာမည်ကြီး Train to Busan ရုပ်ရှင်ရဲ့ ဒါရိုက်တာ ကိုယ်တိုင် ရိုက်ကူးပုံဖော်ပေးထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်ဒါရိုက်တာတင် နာမည်ကြီးရုံမကပါဘူးYoo Ah In,Woo jin A,Kim Hyun Joo စတဲ့ နာမည်ကြီးမင်းသားမင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတာမလို့ ပရိတ်သတ်အားလုံး အကြိုက်တွေ့စေမှာ သေချာပါတယ်“မင်းမကြာခင်သေဆုံးတော့မယ်” ဆိုတဲ့ စကားကိုကြားမိရင် တုန်လှုပ်မိမှာလား ဒါမှမဟုတ်မဖြစ်နိုင်တဲ့ ပေါက်ကရစကားတွေကို နားကြားမှားတာလို့ ထင်မိကြမှာလား????ဒီဇာတ်လမ်းလေးမှာတော့ လူတွေဟာ သူတို့သေဆုံးတော့မယ်ဆိုရင်ကြိုတင်နိမိတ်ပြတဲ့အနေနဲ့ “မင်းမကြာခင်သေဆုံးတော့မယ်”ဆိုတဲ့စကားကို ကြားရလေ့ရှိပါတယ်အဲ့လိုကြားပြီး သေဆုံးမဲ့အချိန်မှာမှ ငရဲသားတမန်တော်ကသူတို့ရှေ့မှာပေါ်လာပြီးတော့ သူတို့ကိုသတ်ပစ်တာပါဇာတ်ကောင်တွေကို မိတ်ဆက်ကြည့်ရအောင်…Jung Jin Soo ကတော့ ဘာသာရေးအသင်းအဖွဲ့ အသစ် Saejinrihwe ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်သူက ဒီငရဲသားတမန်တော်တွေက ငရဲကလာတဲ့အကြောင်းဘုရားသခင်ရဲ့တည်ရှိမှုကိုဖော်ပြတဲ့အကြောင်း စတဲ့ ဘာသာရေးအယူဝါဒတွေကို ဟောပြောတဲ့သူပါJin Soo ဟာ သြဇာတိက္ကမနဲ့ပြီးပြည့်စုံသလိုအရမ်းကိုနားလည်ရခက်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်Jung Jin Soo အဖွဲ့နဲ့ပတ်သတ်ပြီး အမှန်တရားဖော်ထုတ်ဖို့ ကြိုးစားနေသူကတော့ရုပ်သံအစီအစဥ် PD တစ်ဦးဖြစ်တဲ့ Bae Young Jaeသူဟာလည်း သူ့ဒုက္ခနဲ့သူပါYoung Jae ရဲ့ဇနီးဖြစ်သူ Song So hyun ကဖြေရှင်းလို့မရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကို ရင်ဆိုင်ခံစားနေရတာပါMin Hey Jin ကတော့ Saejinrihwe အဖွဲ့ကိုစုံလုံးကန်း လိုက်နာသူတွေရဲ့အဖွဲ့အစည်းဖြစ်တဲ့Hwasalchok ကို ဆန့်ကျင်နေသူ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်Jin Kyung Hoon ဆိုသူကတော့ ငရဲသားတမန်တော်တွေပေါ်ပေါက်လာတဲ့အမှုနဲ့ပတ်သတ်ပြီးစုံစမ်းနေတဲ့စုံထောက်ဖြစ်သူပါအဲ့ဒီ ၅ယောက်ကြားမှာ ဘယ်လိုတွေ ဆက်ဖြစ်ကြမှာလဲ??ငရဲသားတမန်တော်တွေ ပေါ်ထွက်လာမှုကိုဟောပြောနေတဲ့ ဒီဘာသာရေးအဖွဲ့အသစ်ရဲ့ပေါ်လာရတဲ့ရည်ရွယ်ချက်က တကယ်တမ်း ဘာဖြစ်လဲ??…..ဆိုတာကိုHellbound ဆိုတဲ့ ဇာတ်လမ်းလေးမှာ အားလုံးအတူ လိုက်ပါကြည့်ရှုရမှာပဲ ဖြစ်ပါတယ်