ဇာတ်လမ်းအညွှန်းကတော့ ဟန်ဂျီအွန်းဟာ စာရေးဆရာမဖြစ်ဖို့ကြိုးစားနေတဲ့သူဖြစ်ပြီးသူ့မိဘတွေအမွေချန်ထားပေးခဲ့တဲ့အိမ်ကြီးမှာနေထိုင်ပါတယ်။ဖြစ်ချင်တော့ သူခရီးသွားနေတဲ့အချိန်မှာ သူ့သူငယ်ချင်းနှစ်ယောက်က သူ့အိမ်ကိုအီယောင်ဂျယ်ဆိုတဲ့ နာမည်ကြီးသရုပ်ဆောင်မင်းသားတစ်ယောက်ကိုရောင်းပစ်လိုက်ပါတယ်။ခရီးကပြန်ရောက်ပြီး ဂျီအွန်းအိမ်ကိုပြန်ရောက်လာတဲ့အခါမှာ ယောင်ဂျယ်နဲ့ထိပ်တိုက်တွေ့ကြပါတော့တယ်။နှစ်ယောက်သားက တစ်စက်မှမတည့်ပေမဲ့ အဲဒီအိမ်မှာပဲ အတူတူနေဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဟန်ဂျီအွန်းက အိမ်မှုကိစ္စတွေအားလုံးလုပ်ပေးရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပါ။အတူတူနေရင်းနဲ့ အကြောင်းတစ်ခုကြောင့် နှစ်ယောက်သားဟန်ဆောင်လက်ထပ်ဖို့ဖြစ်လာကြတဲ့အခါမတည့်အတူနေနှစ်ယောက်ရဲ့ တကျက်ကျက်ရန်ဖြစ်ရင်းနဲ့ သံယောဇဥ်တွယ်လာကြတာကို ကြည့်ရှုရမှာပါ။