ခွန်ပရို့တစ်ယောက် ကျောင်းကစီနီယာအစ်ကိုကြီးကို ကြိတ်သဘောကျနေခဲ့တာ နှစ်ချီနေပြီပဲ ဖြစ်ပါတယ်။ဒီလိုနဲ့ လူရိုးလူအေးလေးတစ်ယောက် စီနီယာအစ်ကိုကြီးရဲ့ တွေ့ဆုံကြုံကွဲပြတ်လိုက်ဆက်လိုက် ဇာတ်လမ်းတွေကိုလည်း အမြဲထိုင်ကြည့်နေရတဲ့ ဘေးလူလည်း ဖြစ်နေရပါသေးတယ်။သူကသာ ပြတ်တဲ့သူတွေကြည့်ရင်း ရင်တွေကွဲရပေမဲ့ချစ်ရတဲ့ စီနီယာကတော့ မုအွန်တာကို ထမင်းစားရေသောက်ပါပဲ။သူအတွက် အခွင့်အရေးမရှိလောက်တော့ဘူးဆိုပြီး တင်းခံနေပေမဲ့သူငယ်ချင်းတွေရဲ့ မြှောက်ပေးမှုကြောင့် ရဲရင့်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ…တအားပလေးတဲ့ ရေခဲတုံးစီနီယာကို ဘယ်လိုအရည်ဖျော်မလဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။