မိသားစုသုံးခုရဲ့အရှုပ်အထွေးတွေနဲ့အတူ လူအုပ်စုလိုက်ကြီးနဲ့ လောင်မြိုက်ရမယ့် ထိုင်းစီးရီးအသစ်။ထိပ်တန်းမားကတ်တင်းအေဂျင်စီက အေနန်၊ ပူဖာ နဲ့ထောရပ်စ်တို့ဟာမိသားစုနဲ့ရင်းနှီးတဲ့ဝန်ထမ်းတချို့ကို နှစ်ကုန်ပါတီအတွက် အပန်းဖြေစခန်းတစ်ခုကိုခေါ်လာခဲ့ပါတယ်။လူ၂၂ ယောက်ရဲ့အမှောင်ဘက်ခြမ်းက လျှို့ဝှက်ချက်တွေ နဲ့အတူအချစ် အမုန်း အာဃာတ မနာလိုမှုတွေနဲ့ ဘယ်လိုပတ်ရှုပ်ကြမလဲ။ဒီအပျော်ခရီးကနေ ဘာလျှို့ဝှက်ချက်တွေပေါ်ထွက်လာမလဲ။ပန်းတိုင်ကိုရောက်ဖို့အတွက်ဘာမဆိုလုပ်ကြမယ့်လူတွေ။ချစ်ရသူကိုတောင်မငဲ့ညှာဘဲ ချနင်းကြမယ့်လူတွေ။နောက်ဆုံးမှာဘယ်လိုတွေအဆုံးသတ်မလဲ။လူ့သဘာဝအကြောင်းကို ဇာတ်ကြောင်းအဖုံဖုံရောသမမွှေရင်းထိုင်းကားတွေရဲ့ထုံးစံအတိုင်း အပိုင်းတိုင်းလောင်မြိုက်ရမှာမို့ ရှုစားကြည့်လိုက်ပါဦး။