အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ သည်းထိတ်ရင်ဖိုလည်းပါ..သရဲအခန်းလည်းပါလူငယ်ကြိုက်အခန်းတချို့လည်းပါတဲ့ ရသစုံစီးရီးလေးဖြစ်ပြီး အသက်၁၈နှစ်အောက်နှင့် မိသားစုနဲ့အတူမကြည့်သင့်တဲ့စီးရီးလေးပါလို့လဲ ပြောချင်ပါတယ်. ပညာပေးဇာတ်လမ်းတွဲဆိုရင်လည်း မမှားနိုင်ပါဘူး။ ခုခေတ်ကောင်မလေးတွေ လိုက်ခ် ဖော်လိုဝါတစ်ခုရဖို့ ဘယ်လိုအခြေအနေမျိုးကိုမဆိုနိမ့်ကျနိုင်တယ်။ ဘာမဆိုလုပ်နိုင်တယ်ဆိုတာကိုပြထားပါတယ်။အရှက်သိက္ခာတွေလည်း မငဲ့ မထည့်တွက်ဘဲ ဆိုရှယ်မီဒီယာပေါ်မှာသာ နာမည်ကြီးရင်ပြီးရောဆိုပြီးအဖေါ်အချွတ်တွေပြချင်နေတဲ့ ခုခေတ်လူငယ်တွေအတွက်လို့ပဲပြောရတော့မှာပဲ။ဒီဇာတ်လမ်းတွဲလေးမှာလည်း ဒီအကြောင်းတွေကို ကွက်ကွက်ကင်းကင်းရိုက်ပြထားပါတယ်။ဇာတ်လမ်းကတော့ စုံတွဲတစ်တွဲ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးဖို့အတွက် အဖေါ်အချွတ်ဗီဒီယိုရိုက်ဖို့ လူသူအရောက်အပေါက်နည်းတဲ့ တောထဲက စံအိမ်ကြီးဆီကိုရောက်လာခဲ့ပါတယ်။အဲ့ဒီစံအိမ်ကြီးကလည်း ဟိုးတောအလည်မှာတည်ရှိနေတာမို့ ခြောက်တယ်လို့လည်း လူတွေကပြောကြတယ်။ ဆယ်လီနံပါတ်ဝမ်းဖြစ်ဖို့ သူတို့တွေ အဲ့ဒီစံအိမ်ထဲမှာပဲ မူစကူဒူးဗီဒီယိုရိုက်ခဲ့ပါတယ်။ ပြီးတော့သူတို့စုံတွဲပျောက်သွားရော…။နောက်ထပ်လည်း အဲ့ဒီစံအိမ်ထဲ ဝင်လာသူမှန်သမျှတစ်ယောက်ပြီးတစ်ယောက်ပျောက်ပျောက်သွားနေပါတယ်။ဆိုတော့ သိတဲ့အတိုင်းပဲ ဇာတ်လမ်းထဲမှာ စီးမျောလိုက်ကြဦးနော်။