ယခုတဖန် တင်ဆက်ပေးမှာကတော့ အိန္ဒိယသမိုင်းကနေ ပျောက်ကွယ်သွားခဲ့တဲ့အရာတွေအဖြေမှန် အဖြစ်မှန် မပေါ်ထွက်ခဲ့ဘူးတဲ့ အကြောင်းအရာတွေကို နည်းမျိုးစုံနဲ့ရှာဖွေဖော်ထုတ်သွားမဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။အိန္ဒိယရဲ့ နာမည်ကျော်အစီအစဉ်တင်ဆက်သူ မာနီ့ရှ်ပေါလ် တင်ဆက်ထားပြီးအပိုင်းရှစ်ပိုင်းပါဝင်တဲ့ မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။အပိုင်းတစ်ပိုင်းဆီမှာ အိန္ဒိယမြေပုံတင်ပါမက ကမ္ဘာ့မြေပုံပေါ်ကနေပါ ပျောက်ကွယ်သွားခဲ့တဲ့ထင်ရှားကျော်ကြားခဲ့ပြီး သမိုင်းနောက်ခံကောင်းရှိခဲ့တဲ့ အရာတွေ လူပုဂ္ဂိုလ်တွေရဲ့အကြောင်းကိုနယ်ပယ်အသီးသီးက ပညာရှင်တွေရဲ့ ရှာဖွေဖော်ထုတ်မှု ပြောဆိုမှုတွေပေါ် အခြေခံပြီးရှာဖွေအဖြေထုတ်ထားတာမို့ အိန္ဒိယသမိုင်းကို စိတ်ဝင်စားသူအပေါင်း သူတော်ကောင်းတို့ ခံစားကြည့်ရှုကြပါဦး။