Fargo FHD

Fargo

Crime Drama FHD 2014-04-15 8.3

ဇာတ်လမ်းကတော့ အာမခံအရောင်းသမား လက်စတာ နိုင်းဂါ (Martin Freeman) နှင့် လျှို့ဝှက်ဆန်းကြယ်တဲ့ လုပ်ကြံရေးသမား လောရန် မယ်ဗို (Billy Bob Thornton) တို့ ၂ယောက် နှင်းတွေဖုံးလွှမ်းနေတဲ့ ဘတ်မစ်ဂျီမြို့လေးမှာ ပထမဆုံး အမှတ်မထင် တွေ့ဆုံမှုကနေ ဇာတ်အိမ်တည်ထားပါတယ်။ မထင်မှတ်ပဲ လူသတ်ဖို့ မယ်ဗိုကို ခိုင်းစေမိသွားတဲ့ လက်စတာ နိုင်းဂါ တစ်ယောက်ရာဇ၀တ်မှုတွေကို တစ်ခုခုပြီး ပရမ်းပတာ ကျူးလွန်မိလာပါတော့တယ်။ပရမ်းပတာနိုင်လှတဲ့ လက်စတာ,နေရာမှာ သရုပ်ဆောင်ထားတဲ့ Martin Freeman ရဲ့ သရုပ်ဆောင်စကေးတွေက ထက်မြတ်လှပြီး၊ ခန့်မှန်းလို့ မရတဲ့ Characterဖြစ်တဲ့ လောရန် မယ်ဗို ကိုသရုပ်ဆောင်ထားတဲ့ Billy Bob Thorntonရဲ့ သရုင်ဆောင် စကေးက ကျောချမ်းဖွယ်ကောင်းလှပါတယ်။ဇာတ်လမ်းကြောင်းက မူလဇာတ်လမ်းပိုင်ရှင် Coen Brothersရဲ့ ထူးခြားဆန်းကြယ်ပြီး အမိုက်စား ပုံစံကို ဖမ်းစားထားပြီး Noahတို့ အသစ်ထည့်ထားတဲ့ ဇာတ်ကောင်အသစ်တွေနဲ့ ဇာတ်အိမ်ကိုစိတ်ဝင်စားစွာ ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။“Fargo” ကို အမှန်တကယ် ခြားနားစေတဲ့အရာက အဆိုပါစီးရီးရဲ့ ပြင်းထန်လှတဲ့ အကြမ်းဖက်မှု အခိုက်အတန့်တွေကို Comedy, Dark Humorတွေနဲ့ ချိန်ခွင်လျှာညှိပေးနိုင်တာ ဖြစ်ပါတယ်။ဇာတ်လမ်းတွဲက ဒရာမာနဲ့ အမိုက်စားဟာသကြားက မျဉ်းကြောင်းကို အောင်မြင်စွာ လမ်းကြောင်းရှာနိုင်ပြီး ပရိသတ်ကို စေ့စေ့တွေးခေါ်နိုင်စေမယ့် ထူးခြားတဲ့ ကြည့်ရှုမှုအတွေ့အကြုံကို ဖန်တီးပေးနိုင်တာဖြစ်ပါတယ်။