Tokyo Vice FHD

Tokyo Vice

Crime Drama FHD 2022-04-07 7.776

The Fault in Our Stars, Baby Driver အစရှိတဲ့ နာမည်ကြီး ဇာတ်လမ်းတွေမှာပါဝင်ဖူးသူ မင်းသား Ansel Elgort က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ ဂျိတ်ဆိုတဲ့ အနောက်တိုင်းသားတစ်ယောက်ကဂျပန်နိုင်ငံ တိုကျိုမြို့ကို သတင်းထောက်တစ်ယောက်အဖြစ် အလုပ်လုပ်ဖို့ ရောက်လာရင်းကရာကူဇာဂိုဏ်းတွေရဲ့ နောက်ကြောင်းသတင်းတွေကို လိုက်မိရင်း ပြဿနာတွေ ရှုပ်တာမျိုးပါ။ယခု စီစန် ၂မှာတော့ စီစန် ၁ တုန်းက လိုက်စုံစမ်းခဲ့တဲ့ ရာကူဇာတသ်ယောက်ရဲ့ သတင်းကိုဖော်နိုင်ခါနီး အခြေအနေနဲ့ ဇာတ်လမ်းကို စထားပါတယ်။ ဒါပေမဲ့လည်းသိတဲ့အတိုင်း ဒုစရိုက်သားတို့ရဲ့ သက်ဆိုးရှည်တတ်တဲ့ထုံးစံအတိုင်း ကပ်သီးလေး လွတ်သွားခဲ့ပါတယ်။ဒီတော့ ဒီစီစန်မှာရော ဂျိတ်တစ်ယောက် လူဆိုးဖမ်းဖို့ ဘာတွေဘယ်လိုရင်ဆိုင်ရဦးမလဲဆိုတာအပတ်စဉ် စောင့်မျှော်ကြည့်ရှုပေးကြပါဦး