Expats FHD

Expats

Drama FHD 2024-01-25 8.2

ဇာတ်လမ်းထဲမှာ သားသမီးကိုဆုံးရှုံးလိုက်ရတဲ့ မာဂရတ်၊ အိမ်ထောင်ရေးဆုံးရှုံးခါနီး ဟစ်လာရီနဲ့ ဟောင်ကောင်ရောက် ကိုရီးယားလူမျိုး မာစီတို့ရဲ့အကြောင်းကို တစ်လှည့်စီရိုက်ပြထားပါတယ်။အဖြစ်အပျက်ဆိုးဖြစ်ပြီးတစ်နှစ်အကြာနဲ့ဇာတ်လမ်းကိုစထားပြီး ဇာတ်ကားရဲ့တစ်ပိုင်းချင်းစီမှာမှ အတိတ်ကိုတဖြည်းဖြည်း​ချင်း ဖြည်ပြပေးမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။ပထမအမျိုးသမီး မာဂရတ်က မူလကကလေး၃ယောက်အမေဖြစ်ပေမဲ့ အငယ်ဆုံးသားလေးဂတ်စ်ကိုပျောက်ဆုံးသွားတဲ့မိခင်တစ်ဦးပေါ့။ ဒါကြောင့်လည်း နေ့ရက်တိုင်းကို စိတ်နဲ့ကိုယ်နဲ့မကပ်ပဲ ရှင်သန်နေရပြီးဂတ်စ်ကိုပြန်တွေ့လို့ပြန်တွေ့ငြား ပူဆွေးနေရတဲ့မိခင်တစ်ဦးလည်းဖြစ်ပါတယ်။ဒီထဲမှာ နောက်ထပ်နစ်နာသူကတော့ မာဂရတ်ရဲ့သူငယ်ချင်းဟစ်လာရီပါ။ ယိုင်နဲ့နဲ့အိမ်ထောင်ရေးကိုကယ်တင်ဖို့ကြိုးစားနေရရင်း ခင်ပွန်းဖြစ်သူနဲ့အဆင်မပြေဖြစ်နေသူပေါ့။သူတို့အိမ်ထောင်ရေးအဆင်မပြေရတဲ့အကြောင်းရင်းကလည်း ဂတ်စ်ရဲ့ပျောက်ဆုံးမှုနဲ့ဆက်စပ်နေပုံရပြီး အားလုံးထဲမှာမှ မာစီကတော့ပဟေဠိတွေရဲ့အဓိကသော့ချက်လိုဖြစ်နေပုံရပါတယ်။

အပိုင်းများ

Season - 1