လူချမ်းသာသူဌေးမိသားစုကြီးတစ်ခုရဲ့ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေပြီး မိသားစုရဲ့ နောက်ခံနဲ့စုံထောက်ဖြစ်လာဖို့ အကြောင်းဖန်လာတဲ့ သူဌေးသားလေး ဂျင်အီဆူ ( Ahn Bo Hyun )အလုပ်ထဲမှာပဲ စိတ်နှစ်မြုပ်ပြီး တရားခံကို ဖမ်းဖို့ပဲ စိတ်အားထက်သန်နေတဲ့ အလုပ်ကိုအရမ်းချစ်မြတ်နိုးတဲ့ အကြမ်းဖက်ရာဇဝတ်မှုအဖွဲ့ရဲ့ ရဲရင့်တဲ့ စုံထောက်မလေး အီဂန်ဟျွန်း ( Park Ji Hyun )ဂျင်အီဆူက သူဌေးသားဆိုတဲ့အတိုင်း အလုပ်လုပ်တဲ့နေရာမှာလည်း သူ့ရဲ့ ချမ်းသာကြွယ်ဝမှု၊မိသားစုနောက်ခံနဲ့ အဆက်အသွယ်တွေ သုံးပြီး လူဆိုးတွေ ဖမ်းလေ့ရှိတယ်။အဲဒီလို သူဌေးသားက စုံထောက်လုပ်နေတော့ အလုပ်မှာပဲ ဘဝကို ပုံအောထားတဲ့စုံထောက်မလေး အီဂန်ဟျွန်းအတွက်တော့ မျက်စိဆံပင်မွှေးဆူးစရာဖြစ်နေတော့တာပေါ့။အဲဒီလိုနဲ့ ဒီနှစ်ယောက်ဟာ အကြမ်းဖက်ရာဇဝတ်မှုအဖွဲ့မှာ အလုပ်အတူတူ လုပ်ကိုင်ဖို့ ဖြစ်လာတဲ့အခါ ~သူတို့နှစ်ယောက် ဘယ်လိုမျိုး အမှုတွေကို ဖြေရှင်းပြီး တရားခံတွေကို ဖမ်းမလဲအလုပ်အတူတွဲလုပ်နေရင်း အီဆူအပေါ်ထားတဲ့ ဂန်ဟျွန်းရဲ့ စိတ်သဘောထားတွေရောပြောင်းလဲသွားလောက်လားဆိုတာကို ရသစုံလင် စိတ်ပါဝင်စားစွာ ကြည့်ရှုရမဲ့Actoin၊ Comedy၊ Crime & Romance ကားလေးဖြစ်တာမို့ ကြည့်ရှုအားပေးပါဦးနော်။