အလောင်BLတွေ အက်ရှင်BLတွေ ရိုမန့်စ်BLတွေကြားက ရှားရှားပါးပါး Horror genre နဲ့The Whisperer ဆိုတဲ့ BLကားလေးကို CMချစ်ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။အတန်ငယ်ကြမ်းတမ်းတာလေးတွေပါတဲ့အတွက် ဖူဂျိုမမများ 18 ယောက်ပြည့်အောင် လူစုပြီးကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။အစ်ကိုနဲ့မရီးဖြစ်သူ ယာဉ်မတော်တဆမှုကြောင့် ကိုယ့်ရှေ့တင် အရှင်လတ်လတ်မီးလောင်ပြီးသေဆုံးခဲ့ရတာကိုမြင်လိုက်ရတဲ့ ခွန်တစ်ယောက်အဲဒီနေ့ကစလို့ နိုးထလာတိုင်းမှာ နာကျင်မှုတွေ မွန်းကြပ်မှုတွေခံစားနေရတဲ့အပြင်‘သေ…သေ’ ဆိုတဲ့အသံကြီးကို အမြဲကြားယောင်နေရတာပေါ့။ဒါပေမဲ့ အစ်ကို့သားလေး တန်ကျိုင်ကို စောင့်ရှောက်ရမယ့်တာဝန်ကလည်းရှိ၊ချစ်သူ “တောင်” ရဲ့ ဖေးမမှုနဲ့ ခွန်တစ်ယောက် ခက်ခက်ခဲခဲရှင်သန်နေရတာပေါ့။ဒါပေမဲ့ အစ်ကိုနဲ့မရီးဖြစ်သူရဲ့ဝိညာဉ်ကိုတော့ တစ်ချက်တစ်ချက်မြင်နေရတုန်းပါပဲ။အတိတ်ရဲ့အရိပ်ကနေ ချစ်သူကိုလွတ်မြောက်စေချင်တဲ့အပြင် အကြွေးရှင်တွေလိုက်တဲ့ဘေးကပါငြိမ်းသွားအောင်အိမ်ရောင်းပြီး ကြွေးဆပ်ဖို့ ခွန်ကိုတိုက်တွန်းပြီး ချောင်ကျတဲ့နေရာက အိမ်လေးကိုပြောင်းလာဖို့စီစဉ်ခါမှကလေးပျောက်ဆုံးတဲ့သတင်းကတစ်ဖုံ၊ အိမ်နေရာက သင်္ချိုင်းဖြစ်ခဲ့ဖူးတာကတစ်မျိုး၊ကြားထဲက သံသယဝင်စရာကောင်းလောက်အောင် သဘောကောင်းပြနေတဲ့သရဲဝတ္ထုရေးဆရာ အမည်ခံ BL 18+ ficရေးတဲ့ အိမ်နီးချင်းဝစ်ကတစ်ဖက်နဲ့ငြိမ်နေတဲ့ခွန်ရဲ့စိတ်ထဲကို အနှောင့်အယှက်တွေ ပြုံဝင်လာချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။