True Detective FHD

True Detective

Drama FHD 2014-01-12 8.32

အာတိတ်ဝင်ရိုးစွန်းရဲ့ အန်းနစ်ဆိုတဲ့မြို့လေးမှာ ဇာတ်အိမ်တည်ထားပါတယ်။ ရဲမှူး အဲလိဇဘက် ဒန်ဗာ (ဂျိုဒီ ဖော်စတာ) နဲ့ ပြည်နယ်ရဲတပ်ဖွဲ့ဝင် နဗာရို (ကာလီရိတ်စ်) တို့ ခေါင်းဆောင်ပါဝင်ထားပါတယ်။အမှုကတော့ နှစ်မှုပါ။ တစ်မှုက မြို့ရဲ့ တူးဖော်ရေးမိုင်းတွင်းကို ဆန္ဒပြနေတဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက် ၃၃ ချက်အထိုးခံရပြီး အသတ်ခံရမှု နဲ့ ဝင်ရိုးစွန်း သိပ္ပံပညာရှင်စခန်းက လူ ၈ ယောက်တပြိုင်တည်း ရုတ်တရက် ပျောက်ဆုံးသွားမှုပါ။ အဲဒီနှစ်မှုဆက်စပ်နေလား… လူတွေပျောက်သွားတာကရော သေကုန်တာလား… ဘာဖြစ်တာလဲ… စတဲ့မေးခွန်းတွေကိုစုံထောက်နှစ်ယောက်နဲ့အတူလိုက်ပြီးအဖြေရှာရတော့မှာပဲဖြစ်ပါတယ်။ လက်ရှိထွက်တဲ့အပိုင်း ၁ ကတော့ IMDb 8.9 ရရှိထားပါပြီ။ စုံထောက်ကားကြိုက်သူတွေအတွက် ၂၀၂၄ ရဲ့ ပွဲဦးထွက်အလန်းလေးပါပဲ။ ကြည့်လိုက်ကြပါဦး။