Chamak चमक FHD

Chamak चमक

Crime Drama FHD 2023-12-07 6

ဒီစီးရီးမှာ အပိုင်းခြောက်ပိုင်းပါပြီး ဂီတနဲ့ လျှို့ဝှက်သည်းဖို ပေါင်းစပ်ထားတဲ့ အိန္ဒိယရုပ်ရှင်ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ဒီဇင်ဘာလမှာ စတင်ထုတ်လွှင့်ခဲ့ပြီး ပထမအပတ်မှာတင်ပဲ IMDb rating ၉.၄အထိရရှိခဲ့တဲ့အပြင်ဝေဖန်ရေးသမားနဲ့ ပရိသတ်တွေကြားမှာလည်း အတော်လေးအောင်မြင်ခဲ့ပါတယ်။ကာလာဆိုတာ မြောက်အမေရိက ကနေဒါမှာနေပြီး အောင်မြင်တဲ့ရပ်ပါတစ်ယောက်ဖြစ်ဖို့ ဆန္ဒရှိတဲ့သူ။ ဆွေမျိုးဆိုလို့ အဖေတစ်ယောက်ပဲရှိပေမဲ့သူ့အိပ်မက်တွေကို တားဆီးလို့ အဖေ့စကားနားမထောင်တဲ့သားတစ်ယောက်။ထောင်ကလွတ်တာမှမကြာသေး ရဲမှူးရဲ့သားဖြစ်သူကို အပြင်းအထန်ထိုးကြိတ်ခဲ့မိလို့ ထောင်ထဲပြန်သွားရမှာကြောက်ပြီးပန်ဂျပ်ကို ပြေးရပါတော့တယ်။ရှောင်ပြေးလာရတဲ့ကြားထဲ ထိန်းလို့မရတဲ့ဂီတပိုးကြောင့် နာမည်ကြီးရပ်ပါတယောက်နဲ့battle rapပြိုင်ရွတ်ရာကနေ နာမည်ကြီးပြီးသူ ပန်ဂျပ်မှာရှိတာကို သိသွားပါတော့တယ်။ဒီမှာပဲ ပန်ဂျပ်ကနေ ဂျာမန်ကို ရှောင်ပြေးဖို့အလုပ်၊ အစတစ်ခု ဆွဲထုတ်မိလိုက်ရာကနေဂန္ဓဝင်အဆိုအကျော်အမော်ကြီး တာရာဆင်းဂ်ကသူ့အဖေအရင်းဖြစ်နေတာကို သိလိုက်ရပါတော့တယ်။အဲဒါအပြင် သူ့အဖေသေရတာက သွေးရိုးသားရိုးမဟုတ်တာကို သိလိုက်ရတဲ့အချိန်မှာတော့ လိုက်လံစုံစမ်းပါတော့တယ်။သူ့ရဲ့စုံစမ်းမှုက အဖြေပေါ်မှာလား။ သူဖြစ်ချင်တဲ့ နာမည်ကြီးရပ်ပါကရော ဖြစ်လာမှာလား။အဲဒါတွေအပြင် ဂီတနယ်ပယ်က အရှုပ်အထွေး၊ နိုင်ငံရေးအရှုပ်အထွေးတွေပါ ပါဝင်ပတ်သက်လာတဲ့အခါမှာတော့…။