ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲလေးက IMDb – 7.8 ထိရရှိထားပြီး Supernatural လို vibe မျိုးလေးခံစားရမဲ့ ဇာတ်လမ်းတွဲလေးပါပဲ……ဘုန်းတော်ကြီးသင်တန်းတက်နေတဲ့ ဒေးဗစ်အက်ကောက်စတာ နဲ့ နည်းပညာကျွမ်းကျင်တဲ့ ဘန် တို့က ဘုရားကျောင်းကနေ အလုပ်ခန့်ထားတဲ့ မကောင်းဆိုးဝါးပြုစားခံရတယ်လို့ပြောတဲ့သူတွေကိုတကယ်ဟုတ် မဟုတ်လိုက်စစ်ဆေးရတဲ့သူတွေပါ…..ပြဿနာက မကောင်းဆိုးဝါးပြုစားခံရတာနဲ့ စိတ်ကျန်းမာရေးမူမမှန်ဖြစ်တဲ့ လက္ခဏာတွေက တူနေတော့ သူတို့အတွက်အတိအကျအကဲခတ်ဆုံးဖြတ်ဖို့က ခက်ခဲနေပါတော့တယ်…..အဲဒီလိုနဲ့ မထင်မှတ်ဘဲ တော်ရုံနဲ့မယုံတတ်တဲ့ မှုခင်းစိတ်ကျန်းမာရေးဆရာဝန် ခရစ်စတန်ဘွတ်ရှတ်နဲ့ အမှုတစ်ခုမှာဆုံခဲ့ရာကနေ ဒေးဗစ် က ခရစ်စတန်ကို သူ့ အလုပ်မှာ ဝင်ကူဖို့ကမ်းလှမ်းပါတော့တယ်…….ကျောင်းစရိတ်အကြွေးတွေဆပ်ရမဲ့ ခရစ်စတန်အနေနဲ့ကလည်း မယုံပေမဲ့ လိုအပ်နေတဲ့ ပိုက်ဆံရမှာမို့ လက်ခံလိုက်ရင်းကနေပဲ သူတို့နဲ့ပေါင်းပြီး၃ယောက်တဖွဲ့ဖြစ်သွားပါတော့တယ်…….ဇာတ်လမ်းလေးကတော့ ၁ပိုင်းကို ၁ပုဒ်ပုံစံမျိုးလေးပါ……ကဲ သူတို့၃ယောက်ပေါင်းပြီး မကောင်းဆိုးဝါးတကယ်ပြုစားခံထားရတာ ဟုတ်မဟုတ်ကို ဘယ်လိုတွေများ လိုက်လံစုံစမ်းရှာဖွေကြမလဲရှုစားလိုက်ကြပါဦးလို့……