Time the Series ไทม์ ผ่าน เวลา FHD

Time the Series ไทม์ ผ่าน เวลา

Drama FHD 2024-01-09 9

လူရယ်လို့ဖြစ်လာပြီဆိုရင် အားလုံးအမှားနဲ့မကင်းကြပါဘူး။ကြီးလေးတဲ့အမှားဖြစ်ဖြစ် သေးငယ်တဲ့အမှားဖြစ်ဖြစ် ပြန်လည်ပြင်ဆင်ခွင့်သာရှိမယ်ဆိုရင် အားလုံးပြန်ပြီးပြုပြင်ချင်ကြတာကြီးပါပဲ။ကံကြမ္မာကမျက်နှာသာပေးပြီး အချိန်ကကုစားပေးမယ်ဆိုရင်ပေါ့……ဖွမ်ဟာနာမည်ကြီးမင်းသားတစ်ယောက်၊ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေမဲ့အောင်မြင်တဲ့ဘဝကြီးရဲ့တစ်ဖက်မှာ ချစ်ရသူခရစ်ကို မျက်စိရှေ့တင်ဆုံးရှုံးထားရတဲ့ ချစ်ရှုံးသမားလေးပေါ့။ဒါပေမဲ့ကံကြမ္မာရဲ့မျက်နှာသာပေးမှုကြောင့် ခရစ်ကိုပြန်လည်ကယ်တင်နိုင်မယ့်အခွင့်အရေးက ဖွမ်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ထူးဆန်းတဲ့လူတစ်ယောက်ဆီကနေ နာရီတစ်လုံးရလိုက်ပြီးတော့ဒီနာရီက ခရစ်မသေခင်အချိန်ကိုပြန်သွားလို့ရနိုင်နေတဲ့အခါ..အချိန်ဟာ အရာအားလုံးရဲ့အဖြေလို့ပြောကြပေမဲ့ အချိန်ကမဖြေရှင်းနိုင်တာတွေလည်းအများသားမလို့ဖွမ်တစ်ယောက် Second chance ကို အကောင်းဆုံးအသုံးချရင်း ခရစ်ကိုကယ်နိုင်မှာလားဆိုတာAi Long Nhai, La Cuisine တို့လိုဇာတ်လမ်းကောင်းတွေရဲ့ဖန်တီးရှင်ကြီးရဲ့ လက်ရာသစ်လေးကို ရှုစားလိုက်ရအောင်ပါ။