Castle in the Time 时光之城 FHD

Castle in the Time 时光之城

Drama FHD 2023-12-27 8.3

ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ တရုတ်မှာတောင်ပြသခွင့်မရှိတဲ့တရုတ်ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် တရုတ်မှာပြသခွင့်မရှိပေမယ့်ပရိတ်သတ်တွေအတွက် မရရအောင်ဘာသာပြန်တင်ဆက်ပေးထားပါတယ်နော်ခေါင်းဆောင်မင်းသားအနေနဲ့ Zhang Zhehan နဲ့အတူ ‌ခေါင်းဆောင်မင်းသမီးအဖြစ်ကိုရီးယား မင်းသမီးလေး Park Min-young တို့က အတူတွဲဖက်သရုပ်ဆောင်ထားပါတယ်ရှေးဟောင်းသက်ရှိဗေဒပရော်ဖက်ဆာရွှီနဲ့ ပြည်တွင်းနာမည်ကြီးဒါရိုက်တာကျန်းဝမ်ထင်တို့ရဲ့သမီးရွှီကျန်း(Park Min-young)တစ်ယောက် အစာအိမ်ကင်ဆာ‌နောက်ဆုံးအဆင့်ဖြစ်‌နေတဲ့အဖေ့ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးနိုင်ဖို့ ကွာရှင်းထားတဲ့မိဘနှစ်ပါးကိုပြန်လည်ပေါင်းစည်းအောင်ကြိုးပမ်းရင်း နိုင်ငံခြားရပ်ခြားမှာနာမည်ကြီးပြီးဆုတွေအများကြီးရထားတဲ့ သရုပ်ဆောင်ကုချီကျွင်း (Zhang Zhehan)နဲ့အမှတ်မထင်ဆုံတွေ့ရာကနေဇာတ်လမ်းလေးစတင်ခဲ့ပါတော့တယ်နာမည်ကလည်းကြီး သရုပ်ဆောင်ကလည်းကောင်း ပြည်တွင်းကဖျော်ဖြေရေးကုမ္ပဏီတွေရဲ့ကမ်းလှမ်းချက်တွေကို ငြင်းချထားတဲ့မောက်မာတဲ့မင်းသား ချီကျွင့်နဲ့ သွက်လက်တက်ကြွပြီးချစ်ဖို့ကောင်းတဲ့ကောင်မလေးရွှီကျန်းတို့ ဆုံတွေ့ပုံကဆန်းကြယ်ချက်……….ကိုက်ယာကုမ္ပဏီရဲ့ဒါရိုက်တာလည်းဖြစ်တဲ့ မိခင်ဖြစ်သူကိုလာရှာတဲ့ရွှီကျန်းနဲ့သူမကိုတွေ့တာနဲ့သွေးနားထင်ရောက်နေတဲ့ ချီကျွင်းက သူ့နောက်ကိုတစ်ကောက်ကောက်လိုက်နေတဲ့ပါပါရာဇီလို့ထင်သွားပါလေရောအဲ့ဒါတင်မပြီးသေးဘဲ သူ့ရဲ့ exဖြစ်တဲ့ မင်းသမီးချင်ကျစ်ချင်းကသူ့ကိုခါးခါးသီးသီးငြင်းလိုက်တဲ့ကိစ္စကို ရွှီကျန်းကသိသွားတာကိုချီကျွင့်တစ်ယောက် သတိထားမိသွားပြီး မိုးမီးလောင်မတက်လိုက်ရှာရာကနေဇာတ်‌လမ်းလေးအရှိန်တက်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုမင်းသားမင်းသမီးတွေကလည်းအထူးမိတ်ဆက်စရာမလိုကြည့်စေချင်တဲ့စေတနာများစွာနဲ့တင်ဆက်ပေးထားတာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်