ted FHD

ted

Comedy FHD 2024-01-11 8

ရုပ်ရှင်လောကရဲ့ အရယ်ရဆုံးကားတွေထဲက တစ်ခုဖြစ်တဲ့ Ted ဟာ ရုပ်ရှင် ၂ ကားထွက်ရှိဖူးပြီးအခုကတော့ စီးရီးအနေနဲ့ထွက်လာပြီဖြစ်ပါတယ်။ ၇ ပိုင်းပါဝင်ပြီး တစ်ရက်တစ်ပိုင်းတင်ပေးသွားမှာပါ။ရုပ်ရှင်ကို မီတဲ့ဟာသတွေနဲ့ အသံသရုပ်ဆောင်မူရင်းဖြစ်တဲ့ Seth MacFarlane ပဲ ပြန်ပါဝင်ထားတာမို့ တခွီးခွီးနဲ့နေအောင်ကြည့်ရမှာပါ။ ဝက်ဝံရုပ်လေးနဲ့ဆိုပြီး ကလေးတွေကိုတော့ သွားမပြပါနဲ့အယုတ္တအနတ္တအစုံ ဆဲဆိုထားလို့ပါ။ ခေတ်ကိုတော့ ၁၉၉၀ ခုနှစ်ကို အခြေတည်ထားတာမို့ အဲဒီတုန်းက ထရန်းတွေနဲ့ ဓလေ့တွေကိုသိရင်ပိုပြီးတော့ ရယ်ရပါတယ်။ သူတို့ ၁၉၉၀ ကိုရွေးပြီးရိုက်တာလည်းမှန်တယ်ပြောရမှာပါပဲ။ အဲဒီကာလက ခေတ်ဟောင်းက လူမျိုးရေးခွဲတာတွေ၊ အမျိုးသမီးဖိနှပ်တာတွေနဲ့ လက်ရှိခေတ်လို့ အသားကုန် မ woke သေးပဲ အသုံးအနှုန်းတွေ လူ့အခွင့်အရေးတွေဟိုနည်းနည်းဒီနည်းနည်းပါနေတဲ့ကာလမို့ ခွီလို့လှောင်လို့ အတော်ကိုကောင်းပါတယ်။ ဖာသာတွေက ကလေးတဏှာရူးတာတွေကို ဖဲ့တာတွေ၊ စတားလုံးတို့လို နာမည်ကျော်တွေကိုဖဲ့တာတွေ၊ အီတလီတွေကိုလူမျိုးရေးလိုက်ခွီတာတွေ စတဲ့ အကြောင်းအရာအစုံကို ခွီထားတာမို့ ဖင်နာတတ်ရင်လည်း မကြည့်သင့်ပါဘူး။ဒီရုပ်ရှင်မှာတော့ တက်ဒ်ပါမယ်၊ ဂျွန်နီ နဲ့ သူ့အဖေနဲ့အမေ မတ်တီ နဲ့ ဆန်ဇန်၊ သူ့အစ်မဝမ်းကွဲဘလဲရားတို့အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ တက်ဒ်တစ်ယောက်အိမ်မှာအလုပ်မရှိအကိုင်မရှိသောင်းကျန်းနေလို့ လိမ္မာအောင်ဆိုပြီး ဂျွန်နီနဲ့အတူ ကျောင်းတက်ခိုင်းလိုက်မိပါတယ်။ ကျောင်းက မြန်မြန်ထွက်ရပြီး အိမ်မှာပဲ တီဗီပြန်ကြည့်ချင်နေတဲ့ တက်ဒ်က ကျောင်းမှာပြဿနာမျိုးစုံရှာပေမဲ့ ကျောင်းထုတ်မခံရဘဲ ဆက်တိုက်ကံကောင်းနေတဲ့အခါ… ဘာတွေဆက်ဖြစ်မလဲ ကြည့်ရဦးပါလိမ့်မယ်။