အယုဒ္ဓယမြို့ဟောင်းကနေ သုတေသနလုပ်အပြီးအိမ်အပြန်လမ်းမှာပဲ ကားမတော်တဆမှုကြောင့်၁၆ရာစုအချိန်တွေကို time travel လုပ်မိသလိုဖြစ်သွားပြီးအဲ့ခေတ်ကမိန်းမပျိုလေးအဖြစ် ပြန်လည်နိုးထလာခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီ၁၆ရာစုမိန်းမပျိုလေးက အမျက်ဒေါသကြီးပြီးလူအများရဲ့မျက်မုန်းကျိုးခြင်းကို ခံနေရတဲ့သူဖြစ်နေတဲ့အခါ…လွတ်လပ်ပေါ့ပါးပြီး ပျော်ပျော်နေတတ်တဲ့သူမအဖို့အဲ့ခေတ်ကစည်းမျည်း၊စည်းကမ်းတွေနဲ့ပနံသင့်အောင်နေနိုင်ပါ့မလား။ဘာလုပ်လုပ် စောင့်ကြည့်နေကြမဲ့ လူတွေအကြားအပြောအဆိုလွတ်အောင်နေထိုင်နိုင်ပါ့မလား။အယုဒ္ဓယခေတ်ရဲ့သမိုင်းနောက်ခံတွေကိုပေါ့ပေါ့ပါးပါးနဲ့ နားလည်လွယ်အောင် ရိုက်ထားတဲ့အပြင်ထိုင်းနိုင်ငံမှာတင်မဟုတ်ဘဲ နိုင်ငံခြားတွေမှာ အတော်ပေါက်ခဲ့တဲ့ကားဖြစ်ပြီးrating ကောင်းကောင်းနဲ့ ဆုတွေအများကြီးရခဲ့တဲ့ကားလည်းဖြစ်ပါတယ်။