Vice versa ထဲက Jimmy-Sea couple ရဲ့long waited bl seriesတစ်ခုဖြစ်တဲ့ last twilight လေးထွက်ရှိလို့လာပါပြီ။ဒီတစ်ခါမှာတော့ vice versa vibeနဲ့ကွဲထွက်ပြီး အလွမ်းဇာတ်နဲ့ပရိသတ်တွေကိုဘယ်လိုခြွေမလဲဆိုတာ CMနဲ့အတူ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။ရုတ်တရက်အမြင်အာရုံကွယ်ပျောက်မှုကြောင့် တောက်ပတဲ့အနာဂတ်ကိုလက်လွှတ်ခဲ့ရတဲ့ကြက်တောင်ရိုက်ကစားသမားလေး၊ ရွှေပေါ်မြတင်သူဌေးသားပေမဲ့မျက်မမြင်ဖြစ်နေလို့ လူတွေရဲ့သနားသံတွေကို စိတ်ကုန်နေတဲ့ဒေးတစ်ယောက်ပထမဆုံးအနေနဲ့ သူ့ကို မသနားတဲ့ ဂျစ်ကန်ကန်ကောင်လေးမော့ကိုသူ့ကိုစောင့်ရှောက်ပေးမယ့်လူအဖြစ် အလုပ်ခန့်လိုက်ပါတော့တယ်။ အကြွေးပိနေတဲ့မော့ကလည်း ငွေကြေးပြဿနာတွေကိုဖြေရှင်းခပ်ဝါးဝါးသာမြင်ရတဲ့ဒေးအတွက် မျက်လုံးတစ်စုံဖြစ်ပေးဖို့ဖြစ်လာပါတော့တယ်။အနာဂတ်ကိုမမြင်ရတဲ့သူနဲ့ အနာဂတ်မဲ့နေတဲ့လူနှစ်ယောက်ကြားကွက်လပ်တွေဖြည့်ရင်း ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာအရိုအချိုအလွမ်းအဆွေး ရသစုံရောစပ်ခံစားရစေမယ့်စီးရီးကောင်းလေးမလို့ လက်မလွတ်တမ်း ကြည့်ရှုခံစားလိုက်ရအောင်ပါ။