ကျွန်တော်တို့ ရုပ်ရှင်လောကမှာ အတွေ့ရနည်းတဲ့ ဩဇီမြေက ဇာတ်လမ်းတွဲလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဟာသဇာတ်လမ်းတွဲလေးဖြစ်တာနဲ့အညီ ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော ကြည့်ရှုရမှာပါ။ ကဲ အမျိုးသားအပေါင်း သူတော်ကောင်းတို့။ ခင်ဗျားတို့ကားမောင်းလာတုန်း ကားရှေ့ကနေ လမ်းဖြတ်ကူးသွားတဲ့ စကီအလန်းဇယားလေးက စနေနှစ်ခိုင်ထဲကတစ်ခိုင်ကို ခင်ဗျားမြင်အောင် အင်္ကျီလည်ပင်းကနေ ဆွဲချပြီး ပြသွားတယ်ဆိုရင် ဘယ်လိုဖြစ်မလဲ တွေးကြည့်ပေါ့ဗျာ။Pause00:00-00:21UnmuteSettingsPIPDownloadEnter fullscreenမိန်းမလှလေးရင်ဘက်က သော်တာလဝန်း နှစ်စင်းလုံးမဟုတ်ပေမဲ့ လတစင်းနဲ့တင် တစ်လောကလုံး ထွန်းလင်းလောက်ပါရဲ့။ ဒီတော့ စက်ရာခုတင်မှာလသာတာအကြောင်းမဟုတ်ပေမဲ့ လမ်းပေါ်မှာ ကားမောင်းနေရင်း ရင်သားဖြူနုနုကို မြင်လိုက်ရတော့ တိုက်ကုန်ပြီပေါ့လေ။ ဟုတ်ကဲ့။ ဝင်တိုက်မိသွားပါတယ်။ သနားစရာ ခွေးကလေးတစ်ကောင်ကိုပါ။ ဒီခွေးလေးကို ဆေးကုပေးရာမှာ ဆေးဖိုးဝါးခ အရမ်းကြီးသွားတာကြောင့် နှစ်ဦးပူးပေါင်းပြီး အကြွေးစာရင်းဖွင့် ဆေးကုပေးခဲ့ရတယ်။ ဒီတော့ ကင်ဆာဝေဒနာရှင် အရက်ချက်စက်ရုံငယ်ပိုင်ရှင်လေးတစ်ယောက်နဲ့ ဆဌမနှစ်ဆေးကျောင်းသူလေးတစ်ယောက်တို့စိတ်ရူးထပြီး လှန်ပြလိုက်တာကစတဲ့ ဇာတ်လမ်းက တခိခိရယ်ရင်း ကြည့်ရမှာပါ။အပြန်အလှန်စကားပြောများက အရွယ်ရောက်တွေသာ ကြည့်ရှုသင့်တဲ့ အမျိုးအစားတွေပါ။ ယီးချင်းထပ်အောင် ပြောကြတာမလို့ ဘာသာပြန်သူကလည်းယီးချင်းထပ်အောင် ရေးထားပါတယ်။ Collin from Accounts ဆိုတဲ့နာမည်လေးက နေရာပေါ်မူတည်ပြီး အဓိပ္ပာယ်လေးတွေ ကွာခြားတာမလို့ အားလုံးနဲ့ကိုက်ညီမယ့် ဘာသာပြန်လေး ရေးထားပါတယ်။ ခွေးကလေး Collin ကိုလည်းမြန်မာသံနဲ့ နီးစပ်အောင် ကိုလင်း လို့ပဲ ရေးပေးလိုက်ပါတယ်နော်။ ပေါ့ပေါ့ပါးပါးဟာသကားလေးဆိုတော့ နှစ်သစ်ကူးချိန်မှာ အပန်းဖြေရင်းကြည့်ရှုဖို့ ရွေးချယ်သင့်ပါကြောင်းပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ်။