My Boss 你也有今天 FHD

My Boss 你也有今天

Comedy Drama FHD 2024-01-04 8.3

သူဌေးနဲ့ရှေ့နေမလေးရဲ့ ရိုရိုချိုချိုအချစ်ကားလေး တင်ဆက်ပေးလိုက်ပါပြီ။အိပ်မက်တွေအပြည့်နဲ့ ဖြူစင်တက်ကြွတဲ့ရှေ့နေမလေးချန်ယောင်ဟာအိပ်မက်ကိုအကောင်အထည်ဖော်ဖို့စိတ်အားထက်သန်နေပါတယ်။သူ့ကိုထိပ်တန်းရှေ့နေရုံးတစ်ခုကမထင်မှတ်ပဲအလုပ်ခန့်လိုက်တော့သူ့ရဲ့အိပ်မက်တွေတကယ်ဖြစ်လာပြီလား……ဒီလိုနဲ့သူက အလုပ်ကိုကောင်းကောင်းပိုလုပ်နိုင်ဖို့ အလုပ်နဲ့နီးတဲ့နေရာကိုပြောင်းလာခဲ့တယ်။အိမ်ရှင်ကတစ်အိမ်ထဲကိုနှစ်ယောက်ငှားထားမယ်လို့ဘယ်ထင်မိမှာလဲ။သူနဲ့ငြင်းခုန်ခဲ့တဲ့အဲဒီအိမ်ငှားက မထင်မှတ်ပဲ သူ့ရဲ့အလုပ်ရှင်ဖြစ်နေပါတယ်။အလုပ်ဆင်းတဲ့ပထမရက်မှာတင် သူဌေးက ရှေ့နေမလေးကိုပြင်းပြင်းထန်ထန်လေ့ကျင့်ပေးပါတော့တယ်။ချန်ယောင်ကိုရုံးကနှင်ထုတ်ချင်တဲ့ရည်ရွယ်ချက်နဲ့ပေါ့။ချန်ယောင်ကတော့ သူအလုပ်ရတဲ့အကြောင်းအရင်းမှန်ကိုမသိပဲသူကံကောင်းလို့အလုပ်ရတဲ့အတွက် အလုပ်ကိုကြိုးစားလုပ်ပြီးသူ့စွမ်းရည်ကိုပြဖို့ပဲစိတ်အားထက်သန်နေတာပါ။ချန်ယောင်က သူဌေးရဲ့အမြင်စောင်းတာတွေကိုဖယ်ရှားပြီးသူဌေးဆိုးနဲ့ရှေ့နေမလေးကြားမှာဘယ်လိုအချစ်မီးပန်းတွေပေါက်ဖွားလာမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးပါဦးနော်။