ထိုင်ဝမ်ရဲ့ အကြီးဆုံး ထရိုင်းရက် တရုတ်ရာဇဝတ်ဂိုဏ်းခေါင်းဆောင် အစ်ကိုကြီးစွန်းမှာ မိန်းမတစ်ယောက်နဲ့ သားနှစ်ယောက်ရှိတယ်။ သားအကြီး ချားစ် က သူ့လက်ရုံးနေနဲ့ လူမိုက်ခေါင်းဆောင်ဖြစ်လာတယ်။ သားအငယ် ဘရုစ်နဲ့ သူ့မိန်းမက လော့စ်အန်ဂျလိမှာ သာမန်လူတွေအနေနဲ့ ဇာတ်မြှပ်နေတယ်။ ဘရုစ်ကသူ့အဖေနဲ့အစ်ကိုဟာ လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးတွေမှန်းမသိပါဘူး။ တစ်နေ့မှာ အစ်ကိုကြီးစွန်း လုပ်ကြံခံရပြီး ကိုမာဝင်သွားတယ်။ ချားစ်က သူ့အမေနဲ့သူ့ညီကို ကာကွယ်ဖို့ လော့စ်အန်ဂျလိကို တက်လာချိန်မှာပဲလုပ်ကြံတဲ့သူတွေဆက်တိုက်လိုက်လာပြီး မိသားစုသုံးယောက် ရင်ဆိုင်ရပါတော့တယ်။ ဘရုစ်လည်းသူ့အမေနဲ့သူ့အစ်ကို ပွဲကြမ်းနေတာတွေနောက်ကို အူကြောင်ကြောင်လိုက်ရင်း ဘာဆက်ဖြစ်မလဲဆိုတာ ကြည့်ရမှာပါ။