အိမ်ရှေ့စံမင်းသား Sajo Hyun ကတော့ ခန္ဓာကိုယ်တစ်ခုတည်းမှာ စရိုက်နှစ်ခုကွဲပြားနေတဲ့စိတ်ရောဂါတစ်ခုကို ခံစားနေရတဲ့သူပါအိမ်ရှေ့မင်းသားဆိုတဲ့ သရုပ်မှန်ကို ဖုံးကွယ်ပြီး မြို့ထဲက ဆိုင်လေးတစ်ခုမှာ မိမိရဲ့ အရည်အချင်းနဲ့ ဒီဇိုင်နာအဖြစ်လုပ်ကိုင်နေတဲ့ပထမအကျင့်စရိုက် Sajo Hyun နဲ့အခြားသူတွေနဲ့ အသားချင်းထိလိုက်တဲ့အခါမှာ နာကျင်မှုကိုပြင်းပြင်းထန်ထန်ခံစားရတဲ့ဒုတိယအကျင့်စရိုက် Ak Heeဒီလို ဆန့်ကျင်ဘက်ဖြစ်တဲ့ အကျင့်စရိုက်နှစ်ခုဟာခန္ဓာကိုယ်တစ်ခုတည်းကို သုံးရက်မှာ တစ်ကြိမ် ပြောင်းပြီး မျှဝေနေထိုင်ကြပါတယ်Yeon Wol ကတော့ ပျက်သုဉ်းသွားတဲ့ Yeon မင်းဆက်ရဲ့ တော်ဝင်မျိုးနွယ်တစ်ယောက်ဖြစ်ပြီးYeon Poong Hak တစ်ဦးတည်းသော သမီးပါဖခင်ရဲ့ နိုင်ငံတော်သစ္စာဖောက်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာတစ်မိသားစုလုံး အသတ်ခံရပြီးတဲ့နောက် သူမတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်မတရားစွပ်စွဲခံရပြီး သေဆုံးသွားတဲ့ မိသားစုအတွက် လက်တုံ့ပြန်ပေးဖို့နာမည်ပြောင်းပြီး လုပ်ကြံသူအဖွဲ့ထဲကို ဝင်ခဲ့ပါတယ်တစ်ညမှာတော့ ဘုရင်ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် နန်းတော်ထဲကို ခိုးဝင်နေတုန်းမထင်မှတ်ထားတဲ့ ထောင်ချောက်ထဲကို ရောက်သွားပြီး သတိလစ်မေ့မြောသွားခဲ့ပါတယ်Yeon Wol သတိပြန်ရလာတော့ အိမ်ရှေ့စံမင်းသားရဲ့ ကိုယ်လုပ်တော်တစ်ယောက်အဖြစ်ပြန်လည်နိုးထလာတဲ့အခါ….ဘာတွေဆက်ဖြစ်လာမလဲ?မထင်မှတ်ထားတဲ့ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ဘယ်လို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပြသသွားမလဲဆိုတာကိုတော့ ဆက်လက် စောင့်မျှော်ကြည့်ရှုကြပါဦးနော်