Rising Feather 青雀成凰 FHD

Rising Feather 青雀成凰

Drama FHD 2023-12-06 8.3

မိန်းမပျိုလေးတစ်ယောက်ရဲ့ အချစ်ကြီးလို့အမျက်ကြီးပြီးလက်စားချေဖို့ကြံစည်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဟွိုင်မင်းသားကြီးရဲ့သမီးတော် မင်းသမီးလေးချင်းချွဲ့ဟာမိဘမဲ့တစ်ယောက်ဖြစ်ပြီး မုမင်းသားကြီးအိမ်တော်မှာကြီးပြင်းလာခဲ့ရတယ်။သူဟာမင်းသမီးချင်းချန်ရဲ့ အမျိုးမျိုးအနိုင်ကျင့်ဖိနှိပ်ခံခဲ့ရတဲ့အတွက်ထွက်ပြေးဖို့ကြိုးစားရင် စစ်သူကြီးယွင်ဟွမ်နဲ့ဆုံတွေ့ခဲ့ရတယ်။ခိုကိုးရမဲ့တဲ့လူနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်မှီခိုရင် ချစ်မိသွားကြတယ်။ဒါပေမယ့် မင်းသမီးချင်းချွဲ့ဟာ ချစ်သူရဲ့လက်မှာသေရမယ်လို့ဘယ်ထင်ခဲ့မလဲ……သေဘေးကလွတ်မြောက်လာတဲ့ချင်းချွဲ့ဟာ ချွဲ့အာအဖြစ်တဖန်ပြန်မွေးဖွားလာပြီး မုမင်းသားကြီးအိမ်တော်ကိုလက်စားချေဖို့ပြန်ရောက်လာခဲ့ပါတယ်။မင်းသမီးချင်းချွဲ့ဟာ လက်စားချေဖို့အောင်မြင်နိုင်မလား….စစ်သူကြီးယွင်ဟွမ်နဲ့ အရင်ကသံယောဇဉ်အတိုင်း ပြန်ချစ်နိုင်ဦးမလားဆိုတာဇာတ်လမ်းလေးထဲမှာ စိတ်ဝင်တစားစောင့်ကြည့်ပါဦးနော်