Replacing Chef Chico FHD

Replacing Chef Chico

Drama FHD 2023-11-24 6.8

ဖိလစ်ပိုင်ရဲ့ ပထမဆုံး Netflix အော်ရဂျင်နယ်စီးရီးလေး လာပါပြီ…နက်ဖလစ် ထုံးစံအတိုင်း ရိုမန့်တစ်ဆန်မယ်… အရောင်အသွေးစုံပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ်… ကိုကိုမမတို့အကြိုက်ပေါ့ဇာတ်လမ်းလေးကတော့ “ဟိုင်” ဆိုတဲ့ fine dining စားသောက်ဆိုင်ကို အခြေတည်ထားတာဖြစ်ပါတယ်“ဟိုင်” ဟာ နာမည်ကြီးခဲ့တယ်အထူးဧည့်သည်တော်တွေရဲ့ အကြိုက် နောက်ခံဘဝ အကြောင်းတွေ အထိ စုံစမ်းမေးမြန်းပြီးမှ အကောင်းဆုံး ဝန်ဆောင်မှုအတွေ့အကြုံခံစားရအောင် ဧည့်ခံတာမျိုးဒါပေမဲ့ နောက်ပိုင်းမှာ “ဟိုင်” ဟာ တစ်စတစ်စ နိမ့်ပါးလာတယ်… မဂ္ဂဇင်းတွေရဲ့ Top Ten စာရင်းမှာ မပါလာတော့ဘူး…“ဟိုင်” ရဲ့ပိုင်ရှင် အစားအသောက်ပညာရပ်မှာ ဘဝကို မြှုပ်နှံထားတဲ့ စားဖိုမှူးချီကို တစ်ယောက် အကျပ်ရိုက်ပြီသူ့ရဲ့ အဖေကလည်း အချိန် ၆ လ ရာဇသံပေးထားတယ်… ၆ လပြည့်လို့မှ စားသောက်ဆိုင် ခေါင်းပြန်မထောင်နိုင်ရင်ဆိုင်ကို ပိတ်သိမ်းပြီး တခြားစီးပွားရေး ပြောင်းဖွင့်မယ်လို့ ခြိမ်းခြောက်တယ်ချီကိုက သိပ်ကို ခေါင်းမာတယ် ဖြစ်ချင်ဇောများတယ်.. ဝန်ထမ်းတွေကလည်း ကြောက်ရတယ်ချီကို့ကို အမြဲအားပေးပြီး သူ့ဘက်မှာ အမြဲတမ်းရှိနေတာကတော့ ဆိုင်ရဲ့ လက်ထောက်စားဖိုမှူးဖြစ်တဲ့ အယ်လာ ဆိုတဲ့ မိန်းကလေးပဲဖြစ်ချင်တော့ ချီကိုနဲ့ အယ်လာတို့နှစ်ယောက် ကြိုက်သွားကြတဲ့နေ့မှာပဲ ချီကို ကားအက်ဆီးဒင့်ဖြစ်ပြီးအယ်လာတစ်ယောက် မမျှော်လင့်ပဲ ချီကို့ရာထူးဖြစ်တဲ့ စားဖိုမှူးခေါင်းဆောင်နေရာကို တာဝန်ယူရပါတော့တယ်အယ်လာ တစ်ယောက် ချီကိုရဲ့ အိပ်မက်ကို ဆက်ပြီး အကောင်အထည်ဖော်သွားနိုင်မှာလား…အခက်အခဲတွေကို ဘယ်လို တာဝန်ဆက်ယူမလဲဆိုတာကိုတော့ ဒီဇင်ဘာပိတ်ရက်မှာ ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါ