ဒါဘီဟာ့တ်ဟာ အပျော်တမ်းလူငယ်စုံထောက် ဟက်ကာတစ်ယောက်ပါ။အဖေဖြစ်သူက မှုခင်းအရာရှိတစ်ယောက်ဖြစ်လို့ သူဟာ ငယ်ငယ်ကတည်းက အလောင်းတွေ လူသေမှုတွေနဲ့ မစိမ်းတဲ့လူတစ်ယောက်ပေါ့။ တစ်နေ့ဒေတာမှတ်တမ်းတွေကို ဟက်ခ်ပြီး ရှာဖွေကြည့်တော့ ဒီလူသေမှုတွေရဲ့ တစ်ဝက်က မတော်တဆမှုနဲ့ သေဆုံးတာဖြစ်ပြီး ကျန်တစ်ဝက်က မဖြေရှင်းနိုင်တဲ့လူသတ်မှုတွေဆိုတာ သူသိလိုက်ရတယ်။ဒီလိုနဲ့ ဒါဘီဟာ ဘီလ်ဆိုတဲ့ အဖော်ကောင်လေးနဲ့အတူ သူပထမဆုံး လိုက်ခဲ့တဲ့လူသတ်မှုအကြောင်း ” ဆေးလ်ဗားဒိုး” ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တယ်။ ဒီစာအုပ်ကြောင့် တစ်ရက်မှာ နည်းပညာအရာမှာ ဆရာတစ်ဆူကျတဲ့ အန်ဒီရွန်ဆန်ဆိုသူဟာ စွန့်ဦးတည်ထွင်သူတွေပါဝင်တဲ့ ခရီးစဉ်တစ်ခုမှာ ဒါဘီ့ကို ပါဝင်ဖို့ ဆက်သွယ်လာတယ်။ လေးစားအားကျရသူရဲ့ ဖိတ်ခေါ်မှုကြောင့် လိုက်ပါလာတဲ့ ဒီခရီးစဉ်က သူ့ရဲ့ စုံထောက်ပညာကို တစ်ဖန်ထပ်အသုံးချဖို့ ဖြစ်လာမယ်ဆိုတာတော့ဒါဘီဟာ့ဒ်တစ်ယောက် မသိခဲ့ပါဘူး ….