Pit Babe พิษเบ๊บ เดอะ ซีรีส์ FHD

Pit Babe พิษเบ๊บ เดอะ ซีรีส์

Comedy Drama FHD 2023-11-17 8.3

Novel ကနေ ပြန်လည်ရိုက်ကူးထားပြီး Novel ထဲမှာ Omegaverse ပေမဲ့ဇာတ်လမ်းထဲမှာတော့ Pit Babe က ထူးထူးခြားခြား အာရုံခံနိုင်စွမ်းရှိတဲ့သူတစ်ယောက်ဖြစ်ပြီးသူ့နှာခေါင်းထဲတိုးဝင်လာတဲ့ Alpha အနံ့မျိုးကို မကြိုက်တဲ့လူလို့ပဲ ပုံဖော်ထားပါတယ်။တစ်နေ့မှာတော့ ပစ်ဘေ့ရဲ့ ဖန်ဘွိုင်း ချာလီဆိုတဲ့ကောင်ငယ်လေးက ပြိုင်ကားမောင်းသမားဖြစ်ချင်ပေမဲ့ပြိုင်ကားမရှိလို့ သူလေးစားအားကျရတဲ့ No.1 ပြိုင်ကားမောင်းသမား ပစ်ဘေ့ဆီ ကားလာငှားရင်းfriends with benefits ဖြစ်သွားပြီး ပစ်ဘေ့ကလည်း ချာလီကို သဘောကျသွားပုံပါပဲ။ချာလီနဲ့ ပစ်ဘေ့တို့ စတွေ့တဲ့နေ့မှာပဲပစ်ဘေ့ရဲ့ ပြိုင်ဘက်က ပစ်ဘေ့မှာ racing မှာ ရှုံးသွားပြီးပစ်ဘေ့ကို ရှုံးမဲမဲချင်တဲ့စိတ်နဲ့ ပြိုင်ပွဲ ထပ်ပြိုင်ဖို့ စိန်ခေါ်လာပြီးလောင်းကြေးကတော့ ပစ်ဘေ့ဘေးမှာ ငကြောက်လေးလို ရပ်နေတဲ့ ချာလီကို တောင်းပါတယ်။ချာလီကတော့ ပစ်ဘေ့ကိုပဲ သဘောကျပြီး သူ့ကို တခြားသူလက်ထဲ မထည့်ဖို့ ပြောပေမဲ့ကိုယ်ကိုယ့်ကိုယ် အထင်ကြီးတဲ့ ပစ်ဘေ့ကတော့ “ငါ ဘယ်သူကိုမှ ရှုံးမှာမဟုတ်ဘူး”ဆိုပြီး ပြန်ပြောခဲ့ရင်းတကယ်လမ်း အဲဒီပွဲမှာ နိုင်သွားပြီး ချာလီကို ဘေးနား ဆက်ထားနိုင်ခဲ့ပါတယ်။ရှေ့လျှောက်ရော ချာလီကို ဘေ့ဆီက လုယူချင်တဲ့သူတွေ ရှိလာမလားသူများထက် ထူးခြားတဲ့ ပစ်ဘေ့နဲ့ အူကြောင်ကြောင်ချာလီတို့ ဆက်ဆံရေးကရောဘယ်အထိ ရောက်နိုင်မှာလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။