ကျော်ကြားပြီးလူသိများတဲ့ KJ အေဂျင်စီဟာ စီးရီးတစ်ခုထုတ်လုပ်ဖို့အတွက် အစီအစဉ်တွေဆွဲရင်းသူတို့ပရောဂျက်အတွက် လူငယ်တွေကို ရွေးချယ်နေတဲ့ကာလပါ။အိပ်မက်တွေကိုယ်စီနဲ့ လူငယ်လေးတွေဟာ အနုပညာနယ်ပယ်ထဲမှာသူတို့ရဲ့ကိုယ်စီအရည်အချင်းတွေကို မြှင့်တင်ချင်တဲ့ မျှော်လင့်ချက်တွေနဲ့“Beyond The Star” ပရောဂျက်ကို ပါဝင်လာကြပါတော့တယ်။ဒါပေမဲ့ စူပါစတား တစ်ယောက်ဖြစ်လာဖို့ဆိုတာ ထင်သလောက်တော့ မလွယ်ကူလှပါဘူး။သူတို့ဆီကို တည့်တည့်မတ်မတ်ရောက်လာမယ့် စိန်ခေါ်မှုတွေ ၊ အတားဆီးတွေဆိုတာ ရှိစမြဲပါပဲ။အချစ် ၊ ကြိုးစားမှု နဲ့ အိပ်မက်တွေထဲမှာရော ဘယ်အရာက အရေးအကြီးဆုံးဖြစ်မလဲ ၊ဒီလူငယ်လေးတွေကရော ဘယ်အရာကိုရွေးချယ်ပြီး သူတို့အိပ်မက်အတွက်ဘယ်လိုအကောင်းဆုံးကြိုးစာရသွားကြမလဲဆိုတာ စောင့်ကြည့်လိုက်ကြပါစို့နော်