Game of thrones ထဲက Ygritte ပါပြီးတော့ ဘက်ဂျက်ကောင်းကောင်း ဆက်တင်ကောင်းကောင်းနဲ့ ရိုက်ထားတဲ့ british ထောက်လှမ်းရေးစီးရီး season 2 ဆက်ထွက်လာပါပြီSeason 1 မှာ ရေငုပ်သင်္ဘောနဲ့ပတ်သတ်တဲ့အမှုအကြောင်းဖြစ်ခဲ့ပြီးတော့ အခု season 2 မှာတော့ လျှိူ့ဝှက်စစ်ဆင်ရေးသုံး ဒရုန်းတွေနဲ့ပတ်သတ်တဲ့အမှုပါ အပိုင်း၁မှာ အဓိကပြဿနာကိုမိတ်ဆက်တဲ့ပထမဆုံးအခန်းလာပြီး intro သီချင်းဝင်တာကိုကြည့်ပြီးရင် James Bond vibe ရကြမှာပါ ဒါက အပြင်မှာတကယ်ဖြစ်နိုင်တဲ့ James Bond ဇာတ်လမ်းမျိုးလို့ပြောရင်တောင်ရပါတယ်ဗြိတိန်လေတပ်က သူတို့အသစ်ဖန်တီးထားတဲ့ R-PAS ဒရုန်းတွေကို Wudyan နိုင်ငံရဲ့အကြီးအကဲတွေရှေ့မှာသရုပ်ပြနေချိန်မှာ ဒရုန်းတစ်ခုက အစီအစဥ်ကိုမလိုက်နာပဲတပ်သားတွေနဲ့အကြီးအကဲတွေကိုပစ်ခတ်သွားပါတယ် ဒရုန်းကိုထိန်းချုပ်ရတဲ့တပ်သားတစ်ယောက်ကလုပ်တာလား Hack ခံရတာလား တခြားဘာကြောင့်ဖြစ်တာလဲဆိုတာကိုစုံစမ်းဖို့ကစကော့တလန်ရဲစုံထောက်တွေဖြစ်တဲ့ Silva နဲ့ Longacre ရဲ့တာဝန်ဖြစ်လာပါတော့တယ်